Unicode...
ရန်ကုန်မြို့ကြီးကိုရောက်နေတာလည်းတစ်ပတ်လောက်ရှိပြီမို့ တောင်ကြီးကိုပြန်ရတော့မယ်။ ရန်ကုန်ရောက်ချိန်မှာရတဲ့ပျော်ရွှင်မှုတွေကတော့မေ့မရတော့မဲ့အမှတ်တရတွေပါပဲလေ။ ဦးလေးလည်းနည်းနည်းသက်သာလာပြီမို့ သိပ်တော့စိုးရိမ်စရာမရှိတော့ဘူးလေ။ ခုလည်းဦးလေးဆေးသောက်ရမဲ့အချိန်မို့ဆေးတိုက်ဖို့ဦးလေးဆီသွားလိုက်ပါတယ်။" ဦးလေး ဆေးသောက်လိုက်အုံးနော် "
" အင်း တူလေး ၊ ဒါနဲ့မနက်ဖြန်တောင်ကြီးပြန်ရတော့မယ်နော် ၊ ခြံထဲမှာလည်းမင်းအကိုနဲ့အတူကူညီလိုက်အုံးနော် "
" ဟုတ်ဦးလေး စိတ်ချပါဗျ ၊ နေကြာခြံကကျွန်တော်ရဲ့သူငယ်ချင်းလိုပါပဲ "
" အင်း လုပ်စရာရှိတာသွားလုပ်တော့လေ ဦးလေးလည်းသက်သာနေပါပြီ "
" ဟုတ် ဦးလေး "
...
အိမ်ထဲမှာလည်းပျင်းလိုက်တာ မနက်ဖြန်တောင်ကြီးသွားရတော့မှာမို့ ပျော်တာကတစ်ကြောင်း ၊ ရန်ကုန်ကသူငယ်ချင်းတွေနဲ့ခွဲရတော့မှာမို့ မပျော်တာတစ်ကြောင်းနဲ့ အိမ်ထဲမှာဟိုလျောက်လိုက် ဒီလျောက်လိုက်နဲ့ဖြစ်နေလေတယ်။ မနက်သွားဖို့အထုပ်တွေလည်းပြင်ဆင်ပြီးနေပြီ။သူငယ်ချင်းတွေကိုလည်းဖုန်းဆက်ပြီးနှုတ်ဆက်ပြီးလေပြီ။ရုတ်တစ်ရက်အပေါ်ထပ်ကဆင်းလာတဲ့ဟိုကောင်လေးလှမ်းမြင်လိုက်တယ်။ ကျွန်တော်လည်းပျင်းနေတာနဲ့ဂိမ်းအတူဆော့ဖို့လှမ်းခေါ်လိုက်လေတယ် ....
Hey..
ငါ့ကိုခေါ်ပြန်ပြီလား ဘာတွေအနိုင်ကျင့်အုံးမလဲမသိဘူး။ ကျွန်တော်လည်းမသိချင်ယောင်ဆောင်ပြီးပဲလှည့်ထွက်သွားလိုက်လေတယ်...
ကြည့်စမ်းငါခေါ်တာကိုမကြားချင်ယောင်ဆောင်ပြီးလှည့်ထွက်သွားတယ်ပေါ့လေ။ ငါ့ရဲ့နိုင်ကွက်ကိုထုတ်သုံးရတော့မယ်...
" အခုလာခဲ့နော် ဟိုပုံတွေအင်တာနက်ပေါ် မပြန့်စေချင်ရင်ပေါ့ "
ဟိုအရူးကောင် ယုတ်မာပြန်ပြီ။ ကျွန်တော့ရဲ့နိုင်ကွက်ကိုသိနေတော့ ဒါနဲ့ပဲခြိမ်းခြောက်နေတယ်။ ကျွန်တော်လည်းထိုကိစ္စကိုအများသိမှာကြောက်တာကြောင့် သူ့ဆီကိုသွားလိုက်ရပြန်တယ်....
YOU ARE READING
I'm your offical husband
RomanceဒီFicလေးဟာဒုတိယမြောက်ရေးသားထားတာမို့အားပေးကြပါအုံး။စာအရေးအသားအရမ်းကြီးမကောင်းပေမယ့်သည်းခံဖတ်ပေးစေချင်ပါတယ်။ တောင်ကြီးမြို့ကိုအခြေခံပြီးရေးထားတာမို့ တောင်ကြီးမြို့ရဲ့အထင်ကရနေရာတွေကိုကိုယ်တိုင်ရောက်သွားသလိုသာသာကခေါ်ဆောင်သွားပေးပါမယ်။ မင်မင်ကတောင်ကြီးသ...