Unicode
"Lisaထတော့လေ ကျောင်းသွားရမယ်မဟုတ်လား.."
အမေကမနက်တိုင်းအမြဲလာနိုးတတ်ပါတယ်။ညဆိုစောစောမအိပ်တတ်တဲ့ ကျွန်မရဲ့အကျင့်ကိုသိနေတာ ဒီဘေးကပေါက်စတင်မဟုတ်ပါဘူး။အမေတို့ပါသိပါတယ်။
ညကတော့ အတူတူဖက်အိပ်နေကြတာဘဲ။မနက်ရောက်တိုင်းကိုးလို့ကန့်လန့်ဖြစ်နေတဲ့ပုံဟာ အအိပ်ကြမ်းတဲ့သူမကြောင့်ဖြစ်သည်။
Jennie
"မထနဲ့အုံးလီဆာ ငါခနအိပ်အံုးမယ်"ခါးကိုဖက်တွယ်လာတဲ့ လက်လေးတွေဟာအလေးချိန်မရှိပါဘူး။အသက်ရှူကြပ်သလိုလို၊အောက်စီဂျင်ပြတ်သလိုလိုဖြစ်နေတဲ့ ကိုယ်ရင်ဘတ်ကို ပြန်သာထုလိုက်ချင်တော့တယ်။
ငါထတော့မယ် ဗိုက်ဆာနေပြီ ဘာညာဆိုပြီးJenကိုဆင်ခြင်ပေးတတ်တဲ့Lisaဆိုတာမွေးကတည်းကမရှိတာပါ။သူမကဒါဆိုဒါ၊ဟိုဟာဆိုဟိုဟာဘဲ သူမရဲ့အမိန့်သံတွေကိုနာခံဖို့မွေးလာတဲ့Lisaဘဲရှိလိမ့်မည်။
Lisa
"ခနနေဆင်းလာမယ်အမေ"ခနပြုံးပြီးပြန်အိပ်သွားတဲ့JenကိုLisaဆက်ကြည့်နေမိသည်။ဒေစီပန်းတွေကြိုက်တတ်တဲ့သူမကြောင့် ကျွန်မအိမ်မှာဒေစီပန်းအကျီတွေမှတပုံတခေါ၊ပန်းအိုးလေးမှာအေမွှးကြာပန်းပွင့်အတုလေးနေရာမှာလည်း ဒေစီတွေပြောင်းသွားပြီပေါ့။ဦးထုပ်လေးကအစ ေြခအိတ်တွေအဆုံး။
ထလာပြီတော့ ရေချိုးခန်းထဲ၀င်သွားတဲ့Jenက မ၀င်ခင်Lisaရဲ့တင်ကိုတစ်ချက်တို့သွားသေးတယ်။စနောက်တာတွေမကြိုက်တဲ့ Lisaကတော့မျက္မှောင်လေးကိုကုတ်ထားယောင်ဆောင်ရသေးသည်။
တစ်ချိန်ချိန်မှာချစ်သူတွေဖြစ်နိုင်မှာလား။
ကိုယ်ချစ်ခဲ့တာမိန်းကလေးတစ်ယောက်။
ဂရုမစိုက်ပါဘူး။
ယောက်ျားေလးတွေကိုစိတ်မ၀င်စားသလို မိန်းကလေးတွေကိုလည်း စိတ်မ၀င်စားပါဘူး။
ိကိုယ်စိတ်၀င်စားခဲ့တာမင်းတစ်ယောက်ထဲပါ ဂျိမ်းငယ်ရယ်.....။မင်းကတော့သဘာ၀ကျကျ ယောက်ျားလေးတွေကိုပဲ စိတ်၀င်စားမှာပေါ့။
ကိုယ်ကတော့မိန်းကလေးလားယောက်ျားလေးလား။
ကိုယ်မှာစည်းတွေဆိုတာမရှိပါဘူး။
မင်းတစ်တည်းကိုပဲ နှောင်တမရှိချစ်ခဲ့ပါတယ်။
![](https://img.wattpad.com/cover/286856698-288-k7347.jpg)