🌼8🌼

810 63 13
                                        

Unicode

သူတို့နှစ်ယောက်အတွက် ဘောပင်ဆင်တူ၀ယ်ပေးခဲ့ရတာ‌ေတွ၊ထမင်းစားချိန်အတူစားဖြစ်အောင် ကြံဖန်တွေးတောရတာတွေ..

ဂျဲန်းနီကလွဲပြီးဘာမှစိတ်မ၀င်စားဘူးဆိုတဲ့ လီဆာဟာလူတွေအမြင်မှာပျောက်ကွယ်သွားသလိုလို၊စိတ်ထဲမှာတော့ငိုကြွေးချနေမယ်မလား..။

လူကသာအေးအေးစက်စက်ရှိခဲ့တာ အတွေးတွေကကြည်နူးစရာတွေဖြစ်ခဲ့လို့ ဂျီဆူးရဲ့ဇာတ်ကောင်တွေကိုအကြံပေးတတ်တဲ့လီဆာဟာ အခုဆိုရင်ဇာတ်ကောင်တွေကိုပထမပိုင်းမှာတင်သေခိုင်းလိုက်တာမျိုး..

ဖော်ရွေတတ်တဲ့စီနီယာကဂျဲန်းနီလိုပေါက်ပေါက်ဖောက္ပြီးမနာတမ်းပြောတတ်တဲ့သူနဲ့အခုဆိုတော်တော်လေးရင်းနှီးနေပါပြီ။

သဘာ၀ကိုလွန်ဆန်ပြီးဂျဲန်းနီကမိန်းကလေးတွေကိုသဘောကျလိမ့်မည်ဟုလီဆာအတွေးနယ်မြေထဲတောင်စစ်ခင်းဖို့မကြေ ငြာဖူးသော်လည်း လက်တွေ့မှာသူမဟာအမျိုးသမီးတစ်ယောက်ကို အသည်းအသန်လိုက်နေခဲ့ပြီတဲ့။

မနက်ပိုင်းတွေမှာ ကိုယ်‌ေဖျာ်‌ေပးတဲ့လိ‌ေမ္မာ်ရည်ကိုသောက်တတ်တဲ့ဂျိမ်းငယ်က အခုသူမအလွန်မုန်းတဲ့ခါးသက်သက်ကော်ဖီတွေကို ဗိုက်အောင့်ခံပြီး လိုက်သောက်နေခဲ့ပြီ။

အနီရောင်မကြိုက်တဲ့ ဂျိမ်းငယ်ကနီရဲရဲနှင်းဆီပန်းတစ်ပွင့်ကိုနေထွက်တိုင်းနမ်းရှိုက်နေတတ်ပြီ။

ကိုယ်အပေါ်ကျဘာလို့စိတ်မ၀င်စားခဲ့ရတာလဲ
ဂျိမ်းငယ်ရယ်...
အဝေးလူကိုမြင်ပြီး ဘေးကလူကိုဖယ်ထုတ်ပစ်ခဲ့တဲ့မင်းကို ကိုယ်ဘလိုအပြစ်တင်ရမလဲ။
အပြစ်အနာဆိုပြီး ရှာဖွေတဲ့အခါ ခေါင်းထဲအစီအရီထွက်ချလာတာLaLisaတဲ့။
မင်းမှာဘာအပြစ်မှမရှိပါဘူးဂျိမ်းငယ်...။

ကျောင်းကိုရောက်ဖို့စက်ဘီးကိုလက်တစ်ဖက်နဲ့ စိတ်မပါအသက္မပါတွန်းနေတဲ့လီဆာဟာ နာကျင်မှုတွေရင်၀ယ်ပိုက်ထားလျက်။

Jisoo
"လီဆာရယ် နင်ဘယ်ချိန်ထိသူ့ကိုကြိုက်နေမှာလဲ ငါဖြင့်မျက်လုံးထဲတော်တော်ကိုcrossဖြစ်လာပြီ"

ဂျီဆူးကစာအုပ်တွေကို ပိုက်ထားပြီး သုံမှုန်နေတဲ့လီဆာကို စိတ်မကောင်းစွာ စကားစမြည်းလာသည်။

You've reached the end of published parts.

⏰ Last updated: Nov 10, 2021 ⏰

Add this story to your Library to get notified about new parts!

🌼အနက်ရောင်ဒေစီ🌼Where stories live. Discover now