Unicode
Chae
"မင်းအတန်းမတက်သေးရင် တို့လျှောက်ကြည့်ချင်သေးတယ်"တစ်ကျောင်းလုံးလည်းပတ်ကြည့်ပြီးပြီကို ဒီအရပ်ရှည်ရှည်နဲ့အမျိုးသမီးကဘာတွေစပ်စုချင်နေသေးလဲမသိပါဘူး။သူ့ကိုလိုက်ပြဖို့တစ်နေရာသာကျန်တော့သည်။ကျောင်းအနောက်ဘက်နားက သစ်ပင်ကြီးသာရှိတော့သည်။
Lisa
"အချိန်တော့ရပါသေးတယ် unnieသဘောကျစေမယ့်နေရာလေးရှိတယ်"Chaeနဲ့Lisaတို့အတူသွားနေသည်ကို မြင်သူများကတော့ တိုးတိုးနှင့်ကဲ့ရဲ့သူကကဲ့ရဲ့သလို ၊အားကျသူကလည်းအားကျရင်းနဲ့သာ။
Lisaကအရှေ့ကနေသူမကိုလမ်းပြရင်း အရင်လျှောက်သွားလိုက်တယ်။Chaeရဲ့မျက်လုံးလေးတွေဟာ အရောင်တွေတောက်သွားသည်။သူ့အတွက်ဒီလိုနေရာမျိုးက စာဖတ်အကောင်းဆုံးနဲ့တယောတီးဖို့စိတ်ငြိမ်စေသောနေရာလေးပေါ့။
လိမ္မော်ရောင်Mapleရွက်လေးတွေဟာ သစ်ပင်အနီးတစ်ဝိုက်ရှိ မြေပြင်လေးများလှပသွားအောင် ခစားကြွေကျကြတယ်။ေမြပြင်ေပါ်ရှိ Mapleရွက်ေြခာက်လေးတွေကို ေြခထောက်ကန်ပြီး ကျောင်းပျက်တုန်းကစာေတွမရေးပေးလို့ စိတ်ကောက်နေတဲ့ ကောင်မလေးကLisaမျက်လုံးထဲအခုထိမထွက်သေး။
ပြီးတော့ သူမကစိမ်းစိုစိုသစ်ရွက်ကလေးတွေ သဘောကျတာကြောင့် Mapleရွက်ေြခာက်လေးတွေကို ဖင်တပြန်၊ခေါင်းတပြန်ဆွဲဖြုတ်ပြီး "လှလည်းမလှဘဲနဲ့ နင်ကကြိုက်နေတယ်" တဲ့။
ဟုတ်ပါရဲ့။
ဒီကိုလာဖြစ်တိုင်း Maple ရွက်ေြခာက်လေးတစ်ရွက်ကိုကောက်ပြီး စာအုပ်ကြားထဲညှပ်တတ်တဲ့အကျင့်က အလယ်တန်းတည်းကပေါ့။Chae
"ခနလောက်ထိုင်ရအောင်လေ.."အမျိုးသမီးကခုံနှစ်ခုတည်းက ညာဘက်ခုံဘက်ကိုလျှောက်လှမ်းသွားပြီး ထိုင်ဖို့ပြင်ဆင်နေသည်။
မဖြစ်ဘူး..!!
အဲ့ဒီခုံကဆွေးနေပြီလေ။Lisaေြခလှမ်းတွေဟာ မြေပြင်ပေါ်ကရွက်ေြခာက်တွေကို လွင့်ထွက်သွားသည်ထိ မြန်မြန်ဆန်ဆန်နဲ့။
ထိုင်ချလိုက်တယ့်chaeရဲ့လက်ကိုအလျင်အမြန်ဆွဲပြီး ယိုင်ထွက္မသွားအောင် ဖက်ထားလိုက္မိသည်။
တော်ပါသေးရဲ့။
အချိန်မီှသွားလို့ပေါ့။မဟုတ်ရင် ကျောင်းအုပ်သမီးကခုံကျိုးချအောင်ထိုင်တယ် ဆိုတဲ့သတင်းကပြန့်သွားမှဖြင့်။