Unicode
အထဲကို၀င်လိုက်တာနဲ့ မျက်နှာကိုလာဟပ်နေတဲ့မီးရောင်စုံတွေ။
နားအူပေမဲ့ စိတ်ကိုကြွစေတဲ့ သီချင်းသံတွေနဲ့clubထဲသို့Jenနဲ့Nayeonတို့ရောက်နေကြပြီ။Nayeon
"ဟဲ့နင့်Oppaဘယ်မှာလဲ"Jennie
"ရှာကြည့်ရမှာပေါ့ မြန်မြန်လာ"Jenတို့နှစ်ယောက်clubရဲ့အပေါ်ထပ်တွင်ထိုင်နေသော Oppaဆိုတဲ့လူကိုတွေ့သွားကာ တက်သွားကြတော့သည်။အနောက်ကတစ်ကိုယ်လုံးအနက်ရောင်၀တ်ထားပြီး ဟိုဟာ၀င်တိုက်၊ဒီဟာ၀င်တိုက်နဲ့လူကတော့ Jen တို့နောက်လိုက်နေဆဲပင်။
Jennie
"Oppa.."Jenကတော့ကျောင်းသူစတိုင်အတိုင်းလက်ကိုေမြှာက်ပြီးဝှေ့ယမ်းကာ green ဆိုတဲ့လူကိုနှုတ်ဆက်လေသည်။
Green
"ထိုင်ကြပါ အပြန်ကျရင်တော့ကိုလိုက်ပို့ပေးပါရစေ"Jennie
"ဟုတ် သူကjenသူငယ်ချင်းNayeonတဲ့"Green
"တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော်နာမည်ကGreenပါ"Nayeon
"အော်ဟုတ်ကဲ့.."သောက်စရာတွေလည်းလာချနေပြီးဖြစ်တာကြောင့် Jenတို့နဲ့Greenဆိုတဲ့လူလည်း cheerလုပ်ကြသည်ကို အအေးသောက်ပြီးထိုင်ကြည့်နေတဲ့လူကိုတော့ Jenတို့တွေသတိမထားမိပေ။
အရှိန်ရလာတော့ nayeonလည်းမှောက်နေပြီးjenကတော့သောက်နေလျက်။
Jennie
"Oppaကလဲ မလိုက်ချင်ပါဘူးဆို.."အတင်းဆွဲခေါ်နေသည့် Green ကိုJenငြင်းလွှတ်သော်လည်း မရပေ။ယောက်ျားအားကြောင့် Jen လည်း Green ဆွဲခေါ်ရာပါသွားတော့သည်။နှစ်ယောက်လုံး ယိုင်ယိုင်ထိုးထိုးနဲ့ပင်။
Green
"Jenကိုလေ ကိုအရမ်းကိုလိုချင်နေခဲ့တာ Jenလိုမိန်းကလေးမျိုးကိုမှကိုအပိုင်မသိမ်းနိုင်ရင်ကိုညံ့တာပေါ့.."ယောက်ျားလေးအိမ်သာထဲတွင် နံရံကိုမှီထားတဲ့ Jen ကို Green ကနံရံကိုလက်ထောက်ထားပြီး လေးလေးပင်ပင်ပြောနေသည်။
ခွပ်..!!
ခ်ာကနဲ လည်ထွက်သွားတဲ့ Green ရဲ့ကိုယ်ဟာ ကြမ်းပြင်ပေါ်တွင်ထိုင်လျက်သား။
ကုန်းရုန်းထလာပြီး ဟိုရမ်းရမ်းဒီရမ်းရမ်းဖြင့်တစ်ယောက်ထဲအော်ဟစ်နေသည့် အမူးသမားကို Jen တို့လည်းထားခဲ့လိုက်တော့သည်။
