Unicode
နှစ်၀က်စာမေးပွဲအတွက် စာတွေအသည်းအသန်လုပ်နေကြသည်။
ကျောင်းရောက္မှ..။
အိမ်သာနားတွင်လည်း စာအုပ်ကြီးတကားကားနဲ့ ကျောင်းသူတွေ။
ပန်းခြံထဲမှာလည်း ငုပ်တုပ်ကြီး စာတွေအသည်းအသန်ကျက်နေတဲ့ ကျောင်းသူအချို့။အေးအေးလူလူခံုပေါ်ခေါင်းတင်ပြီး အိပ်နေတဲ့ဂျဲန်းနီဂင်ဆိုတဲ့ ကျောင်းသူကတော့အတော်ဆုံးပေါ့။စာမလုပ်တဲ့နေရာမှာလေ။
Nayeon
"ဟဲ့ နင်စာမလုပ်ဘူးလား ဒီချိန်ကဆရာကြီးဆိုဒ်ဖမ်းရမယ့်အချိန်မဟုတ်ဘူးနော် နှစ်၀က်စာမေးပွဲကအမှတ်တွေကို အစိန်စာမေးပွဲမှာပြန်တွက္မှာ"ဘေးကလာပွားနေတဲ့ ယုန်မရဲ့ပွစိပွစိအသံကို ဂျဲန်းပိတ်ရန် ခေါင်းထောင်လာခဲ့သည်။
Jennie
"ဒီမှာ ငါကစာမေးပွဲကျမယ့်လူလား စဉ်းစဉ်းစားစားပြောစမ်းပါ ဟိုမှာဘာလဲတွေ့လား"Jenမျက်စောင်းထိုးပြတယ့် နေရာကိုကြည့်လိုက်တော့ မျက္မှန်နဲ့စာတွေပြူးပြဲကြည့်နေတဲ့ စာဂျပိုးlalisaဖြစ်နေသည်။
Nayeonကတော့ "ဘာဖြစ်လို့လဲ" ဟုမေးငေါ့ပြရင်းနဲ့ပြန်ကြည့်လိုက်သည်။Jennie
"နင့်ဘရိန်းကလည်း ဝေးလိုက်တာဟယ် ငါကlisaနဲ့တစ်ခန်းကျတယ်လေ အေးဆေး စာကျက်စရာမလိုတော့ဘူး"Nayeon
"နင်ကလဲ lisaသူဘာသူအေးအေးဆေးဆေးနေပါစေ နင်ဇယားသွားမရှုပ်စမ်းပါနဲ့"စိတ်ပျက်လက်ပျက်ပြောနေတာကို တမင်တကာလုပ်ရီနေတဲ့ ဂျပုကြောင့်ကျွန်မမှာထသာထုလိုက်ချင်တော့တယ်။
Jennie
"Lisaကငါတစ်ခွန်းဆိုတစ်ခွန်းပဲ နင်ကြည့်နေလိုက် ငါအောင်တယ်ဟားဟား"ယုံကြည်မှုတွေလွန်ကဲနေတဲ့ သူငယ်ချင်းကိုNayeonလည်း ဘာမှမပြောချင်တော့တာကြောင့် စာသာဆက်ကျက်နေလိုက်တော့သည်။
Jenကတော့စာအုပ်ထဲေခါင်းစိုက်ေနတဲ့lisaကို တစ်ချက်ကြည့်ပြီးပုံမှန်အတိုင်းပြန်အိပ်နေပြန်တော့သည်။
---
စာမေးပွဲခန်းထဲရှိ အပေါက်ဆိုးဆိုးsamတွေကြောင့် ကျောင်းသူများငြိမ်ကုတ်နေသည်။အပ်ကျသံတောင်မကြားရပါဘူး။