🌼6🌼

415 56 15
                                    

Unicode

နေပူပူထဲပတ်ပြေးနေတဲ့ ဒီကြောင်ပေါက်စမြန်မြန်ပြန်ခေါ်ဖို့ lisa‌ေြခလှမ်းသွက်သွက်တွေနဲ့လှမ်းသွားလိုက်သည်။

Lisa
"Jennie.."

သူမကိုခေါ်တော့ ပြူးတူးတူးလေးလှည့်ကြည့်လာတဲ့Jenက Lisaအတွက်ပန်းချီကားတစ်ချပ်ဆွဲချလိုက်လို့ရမည်။

Lisa
"နေပူထဲမပြေးနဲ့လေ နင်ကနေမကောင်းသိပ်ဖြစ်တတ်တာကို လာသွားမယ်.."

စကားကိုသွက်သွက်လက်လက်ပြောလေ့မရှိတဲ့Lisaဟာ အခုတော့ဇိုးဇိုးဇွက်ဇွက်နဲ့ပေါ့။
စိတ်ပူရတယ်လေ။
ကိုယ့်နှလုံးသားကို ဂရုစိုက်ရမယ်မဟုတ်လား။

Jennie
"နင်ဘာဖြစ်နေတာလဲLisa.."

Lisaခေါ်ရာနောက်ဘာတစ်ခွန်းမှမပြောဘဲလိုက်လာပြီး သူမရဲ့နဖူးထက်ကချွေးတွေကိုLisaသုတ်ပေးလာတဲ့အခါ နဖူးပေါ်ကလက်ကိုရိုက်ချလိုက်ပြီးမေးလိုက်တော့သည်။

Lisa
"ငါဘာဖြစ်လို့လဲjenရဲ့"

သူမကထိုင်နေရာမှမတ်တပ်ရပ်လိုက်တော့ Lisaလည်းသူမနဲ့မျက်နှာချင်းဆိုင်မတ်တပ်ရပ်ဖို့ကြိုးစားလိုက်သည်။
သူမကမျက်နှာကိုလွဲထားသေးသည်။

Jennie
"ငါ့ကိုနင်အာ်ပြီးခေါ်လာတာလေ နင်ဘယ်တုန်းကငါ့ကိုအော်ဖူးလို့လဲ"

Jenရဲ့အသံဟာအနဲငယ်ကျယ်လောင်သွားတာကြောင့် ဘေးပတ်၀န်းကျင်ရှိကျောင်းသူများရဲ့အာရုစိုက္မှုဟာလည်း သူမတို့နှစ်ယောက်ဆီသို့ရောက်ရှိလာခဲ့သည်။ဒါပေမဲ့Lisaစိတ်မ၀င်စားပါဘူး။သူမစိတ်၀င်စားတာအခုသူမရှေ့က ရန်တွေ့နေတဲ့ပုပုလုံးလုံးလေးကိုမလား...။

Lisa
"ငါမအော်ခဲ့ပါဘူး နဲနဲလေသံမာသွားမိတာပါ နင်မကြိုက်ရင်မပြောတော့‌ဘူးလေ ငါစိတ်ပူသွားလို့ပါ.."

သူမရဲ့ပခုံးနှစ်ယောက်ကိုကိုင်ပြီး Lisaသေချာရှင်းပြပြန်တော့လည်း ပခုံးပေါ်ကလက်နှစ်ဖက်ကိုရိုက်ချကာ Jenအကြည့်စူးစူးတွေကသူမရဲ့နှလုံးသားကိုဓားနဲ့အပိုင်းပိုင်းတုံးလှီးနေသလိုပါပဲ။

Jennie
"ငါကဘဲနင့်ကိုနိုင်ချင်တာ နင်ကငါ့ကိုနိုင်တာမျိုးငါမလိုချင်ဘူး ကြားလားlisa.."

🌼အနက်ရောင်ဒေစီ🌼Where stories live. Discover now