Unicode...
11:00 AM at a Shopping center...
Cardတွေ သူသူငါငါကိုင်ပြီးဈေးဝယ်ကြတဲ့ခေတ်မှာ ငွေသားကိုင်ဆောင်လာသူဆိုတာ တော်တော်ရှားတယ်။ အခုတောင် ကျွန်တော်ဒီကိုရောက်နေတာ မနက်၉နာရီကတည်းက...။ မနက်ခင်းပိုင်းဈေးဝယ်မကျသေးခင်တည်းက Centerထဲမှာရှိတဲ့ Supermarketနဲ့မျက်နှာချင်းဆိုင်ကနေ အကဲခတ်နေတာ။ ငွေရှင်းတဲ့လူအများစုက Cardတွေနဲ့ချည်းပဲ။
အခုထိ စိတ်ရှည်ရှည်ထိုင်စောင့်ပေမဲ့ ငွေသားကိုင်ဆောင်သူရယ်လို့ မတွေ့ရသေးဘူးဗျာ။
1:00 PM ...
စိတ်ရှည်ခြင်းသည် အောင်မြင်ခြင်းရဲ့လမ်းစတဲ့။ အခုပဲကြည့်။ ပစ်မှတ်ကိုတွေ့ပြီ။ ပိုက်ဆံအိတ်ကိုဖွင့်ပြီး ၅၀၀၀တန်တွေနဲ့ချည်း ငွေရှင်းနေတဲ့ အမျိုးသမီးကြီးတစ်ယောက်...။ ကျေနပ်ပြုံးကြီးတစ်ခုလုပ်ယူပြီးတဲ့နောက် အမျိုးသမီးကြီးနောက်ကနေ ထပ်ကြပ်မကွာလိုက်ခဲ့တယ်။ သူကတော့ Centerထဲမှာ ပတ်ပြီးဟိုဝယ်ဒီဝယ်ပေါ့။
ကျွန်တော် လူတွေမရိပ်မိအောင် အဲဒီအမျိုးသမီးကြီးကို အသေးစိတ်အကဲခတ်လိုက်တယ်။ ပိုက်ဆံအိတ်ကိုဘယ်လိုပုံစံကိုင်တတ်တယ်။ ပိုက်ဆံရှင်းခါနီးဆို ဘယ်လိုပုံနဲ့ငွေထုတ်တတ်တယ်ဆိုတာမျိုးတွေပေါ့။
ဒါကကျွန်တော့်ရဲ့ တစ်နှစ်တာခါးပိုက်နှိုက်အတွေ့အကြုံကနေ တတ်မြောက်လာတဲ့ စပါယ်ရှယ်ပညာရပ်တစ်မျိုးပဲဗျ။ သာမန်မျက်စိနဲ့ ကျွန်တော့်ရဲ့စူးရှတဲ့ခါးပိုက်နှိုက်မျက်စိကတော့ ဘယ်တူလိမ့်မလဲ။
အတန်ကြာလေ့လာပြီးတဲ့နောက်မှာ အမျိုးသမီးကြီးက ဓါတ်လှေကားသုံးဖို့ ရပ်စောင့်နေတယ်။ ဒါနှစ်ခါမလာနိုင်တဲ့အခွင့်အရေးပေါ့။ ကျွန်တော်လည်း အမျိုးသမီးကြီးဘေးကနေဓါတ်လှေကားအတူစောင့်နေလိုက်တယ်။
ကံတရားက ကျွန်တော့်ကိုဆို မကောင်းမှုလုပ်နေလည်းမျက်နှာသာပေးသဗျ။ ဓါတ်လှေကားထဲ ကျွန်တော်တို့နှစ်ယောက်ပဲရှိတယ်။ ဒါဟာလည်း တစ်ခုတည်းသောအခွင့်အရေးပဲ။
YOU ARE READING
ivy
Teen FictionBoy x Boy Short Story💌 ဆက်ပြီးတွယ်မတက်ချင်ပါနဲ့တော့ နွယ်ပင်လေးရယ်။ မင်းတွယ်ကပ်နေတဲ့ကျောက်ဆောင်က ညစ်ညမ်းလွန်းပါတယ်။ အညွန့်အတက်တွေနဲ့ လှပလွန်းတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကလေးက ကျက်သရေမဲ့လွန်းတဲ့ မင်းခိုတွဲရာကျောက်ဆောင်ကြောင့် ညှိုးမှိန်သွားလိမ့်မယ်။...