Unicode...
"လျှို့ဝှက်ချက်ဆို??"
"ဘာကျွေးမှာလဲပြော"
"လူကြီးစားတဲ့မုန့်ဆိုလို့ ထန်းလျက်ခဲကို flavorမျိုးစုံဝယ်လာတယ်...အုန်းထန်လျက်၊ ဇီးထန်းလျက်၊ ပေါက်ပေါက်ဆုပ်ထန်းလျက်နဲ့ နို့ထန်းလျက်...ဟဲဟဲ"
ကျွန်တော့်မျက်နှာက နေဝင်သွားသလို မဲမှောင်သွားတော့တယ်။ ဒီချာတိတ်ဟာ ကျွန်တော့်ကို တမင်ရွဲ့နေတာပဲ။ ဒီလိုဆိုတော့ ကျွန်တော်လည်းပြန်ကြပ်ပေးရမှာပေါ့။
"ကောင်းပြီလေ...ငါစားချင်တာမစားရရင် အပိုတွေမပြောပေးဘူး"
"ခင်ဗျားက ကလေးနဲ့ပြိုင်ပြီး ကလေးဆန်နေတာပဲ"
"အဲဒီကလေးက မင်းတစ်ယောက်တည်း"
"ကျွန်တော်က ချွင်းချက်ပေါ့"
ရှေ့ဆက်ပြောစရာမရှိတော့သလို ကျွန်တော်စွံ့အသွားတယ်။ ဘာလို့လဲတော့မသိဘူး။ ချာတိတ်ကိုကြည့်မိတော့ ဒင်းက ကျွန်တော့်ကိုစပ်ဖြီးဖြီးမျက်နှာပေးနဲ့ စိုက်ကြည့်နေရဲ့။
ဗလောင်းဗလဲတွေဖြစ်ပျက်နေတဲ့ ရင်ခွင်ကိုဖုံးကွယ်ချင်တာကြောင့် တွေ့ရင်းကိစ္စကိုပဲ ပြန်ဆက်ဖို့ ဦးနှောက်ကအသည်းအသန်အလုပ်လုပ်တော့တယ်။
"ဒီတော့ မင်းficထဲက ဇာတ်ဆောင်ကောင်ပြုစုနေတဲ့ စာတမ်းနဲ့ပတ်သက်လို့..."
"ဗျာ ခင်ဗျား ကျွန်တော့်ficကို ဖတ်တယ်ပေါ့ ဟုတ်လား"
ကျွန်တော့်စကားမဆုံးသေးခင် ထိတ်လန့်တကြားအော်မေးလိုက်တဲ့ချာတိတ်ကြောင့် မနည်းစီထားရတဲ့စကားလုံးတွေဟာလည်း လေထဲမှာပျောက်ပြယ်လို့သွားပါတော့တယ်ခင်ဗျာ။ ကြားဖြတ်အနေနဲ့ ဒင်းလေးကိုမေတ္တာပို့သလိုက်ပြီးတော့မှ ဆက်ရမဲ့စကားစကို မနည်းပြန်ရှာလိုက်ရတယ်ပေါ့။
"အေး အေး အဲလိုပဲမှတ်ထား...ဒီတော့ အဟမ်း... ငါ့ရဲ့ခါးပိုက်နှိုက်အတွေ့အကြုံအရဆိုရရင် ခါးပိုက်နှိုက်ခံရသူအများစုက အာရုံပြန့်လွယ်ပြီး ဘေးပတ်ဝန်းကျင်ကို အလေးမထားတတ်တဲ့ ယုံကြည်လွယ်တဲ့လူတွေပဲ...အများစုက အမျိုးသမီးတွေ...အသက်အပိုင်းအခြားအရ သက်လတ်ပိုင်းအမျိုးသမီးကြီးတွေဆို ပစ်မှတ်ထားဖို့သိပ်လွယ်တယ်... သူတို့ကသတိလက်လွတ်ဖြစ်တဲ့အချိန်တွေများတော့ အချိန်တော်တော်ကြာ ကပ်နေရင်တောင် သတိမထားမိကြဘူး"
YOU ARE READING
ivy
Teen FictionBoy x Boy Short Story💌 ဆက်ပြီးတွယ်မတက်ချင်ပါနဲ့တော့ နွယ်ပင်လေးရယ်။ မင်းတွယ်ကပ်နေတဲ့ကျောက်ဆောင်က ညစ်ညမ်းလွန်းပါတယ်။ အညွန့်အတက်တွေနဲ့ လှပလွန်းတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကလေးက ကျက်သရေမဲ့လွန်းတဲ့ မင်းခိုတွဲရာကျောက်ဆောင်ကြောင့် ညှိုးမှိန်သွားလိမ့်မယ်။...