2

463 50 4
                                    

Unicode...

သူကျွန်​တော့်ကို အားရပါးရဓါတ်ပုံရိုက်ပြီးကာမှ သတိရတယ်။ ကျွန်​တော်က​ရော သူ့ကိုဘာ​ကြောင့်ယုံရမှာလဲ။

"​နေဦး ​ကောင်​လေး"

ဖုန်းကိုင်ထားတဲ့လက်ကို ဆွဲယူလိုက်​တော့ အစားဘက်မျက်နှာမူ​​နေတဲ့ချာတိတ်က ကျွန်​တော့်ကိုပြန်​မော့ကြည့်တယ်။

"ငါက​ရော မင်းကိုဘယ်လိုအာမခံချက်​တွေ​ကြောင့် ယုံရမှာလဲ...ငါ​ပေးလိုက်တဲ့အချက်အလက်​တွေနဲ့ ရဲကိုသွားတိုင်မလားဆိုတာ??"

"အာ ခင်ဗျားကြီး ကျွန်​တော့်ကိုစိတ်ချပါ...ကျွန်​တော်က လူ​ကောင်း​လေ...ခင်ဗျားကြီးလိုမှမဟုတ်တာ...ဒီ​တော့ ခင်ဗျားကြီးရဲ့အင်ဖို​တွေက ကျွန်​တော်နဲ့ခင်ဗျားကြီးအတူတူရှိ​နေသ​ရွေ့ လုံခြုံတယ်...အာမခံချက်က​တော့ ကျွန်​တော်ကိုယ်တိုင်ပဲ...ခင်ဗျား မယုံရင်ကျွန်​တော့်ကို Chaseနိုင်တယ် ok??"

ကျွန်​တော်ဆွဲကိုင်ထားတဲ့လက်ကိုရုန်းပြီး မုန့်ပြန်စားဖို့ပြင်​နေတဲ့ချာတိတ်က သူ့ကိုယ်သူယုံကြည်မှုအပြည့်နဲ့ ...။ စားပွဲ​ပေါ်ရှိသမျှမုန့်​တွေကို အမြန်အဆန်သွပ်ပြီး မုန့်ဆိုင်က​​နေထွက်သွားပြန်​တော့ ကျွန်​တော်လည်းလိုက်ရပြန်တယ်။

ပန်းခြံထဲက ခုံတန်းတစ်ခု​​ပေါ်​နေရာယူပြီးကြ​တော့ ဒင်း​လေးကပဲ စကားစတယ်။

"​ဒီ​တော့ ကျွန်​တော်တို့မိတ်​ဆွေ​တွေဖြစ်သွားပြီ​ပေါ့​​နော် ဟီး"

"ဟမ့် ​တော်စမ်းပါ မင်းနဲ့ငါအ​ပေးအယူပြီးရင် ငါတို့ကိစ္စပြီးပြီ"

"အို​ခေပါ...ခင်ဗျားသ​ဘော...ဒါဖြင့် ကျွန်​တော်တို့လုပ်ငန်းစကြတာ​ပေါ့"

ချာတိတ်က​ပြော​ပြောဆိုဆိုနဲ့ သူ့​ကျောပိုးအိတ်ထဲက စာအုပ်တစ်အုပ်ရယ်၊ ​ဘောပင်တစ်​ချောင်းရယ်ထုတ်ယူလိုက်တယ်။

"ခင်ဗျားခါးပိုက်နှိုက်တာ ဘယ်​လောက်ကြာပြီလဲ"

အံမယ် အံမယ်...ဒင်း​လေးပုံစံက ကျွန်​တော့်ကိုပဲ အမှုစစ်​နေသလို။ ​ဘောပင်​နောက်မြီးကို တစ်ချက်တစ်ချက်ကိုက်လိုက်​သေးတာ။ ကျွန်​​တော်လည်း စိတ်မပါတပါနဲ့ ​ဘောက်ဆက်ဆက်​ဖြေလိုက်ပါတယ်။

ivyWhere stories live. Discover now