3

354 44 1
                                    

Unicode...

ကျွန်​တော်စပ်စပ်စုစုနဲ့ပဲ ဘယ်ကဘယ်လို​တွေဖြစ်သွားတယ်မသိဘူး။ ကျွန်​တော့်ဖုန်းထဲမှာ Wattpad ဆိုတဲ့app​​​ကို installမိလိုက်တယ်။ Wattpad​ပေါ်က ဒင်း​လေးရဲ့ accountကိုလည်း facebookက​နေတစ်ဆင့်ရှာ​ဖွေ​တွေ့ရှိခဲ့​လေရဲ့။ Wattpadမှာလည်း username​က __ivy__ တဲ့။ ချာတိတ်က အဲနာမည်ကို​တော်​တော်ကြိုက်ပုံပဲ။ သူ့အတွက်အဓိပ္ပါယ်တစ်ခုခုရှိမှာ​ပေါ့​လေ။

ကျွန်​တော့်ဆီကကုန်ကြမ်းယူသွားတယ်ဆိုတဲ့တစ်ပုဒ်လို့ထင်ရတဲ့ဟာ​လေးကိုနှိပ်ကြည့်ပြီး တစ်ပိုင်းတင်ထားတာကို ဖတ်ကြည့်ဖြစ်တယ်။ ​ချာတိတ်က ဘယ်ဆိုးလို့လဲ။ စာ​ရေးတာ ​ပြေ​ပြေပြစ်ပြစ်နဲ့ ဆွဲ​ဆောင်မှုရှိသား။

စိတ်ဝင်စားဖို့​ကောင်း​အောင်လည်း ​ရေးတတ်​သေးတယ်။ ကျွန်​တော်အဲဒီတစ်ပိုင်းကို ဖတ်လို့သာပြီးသွားတယ်။ ဖတ်ရတာ အားမရ​သေးသလို ဆက်ဖတ်ချင်​နေသလိုနဲ့။ ဒါ​ပေမဲ့ ဒင်း​လေးက အဲဒီတစ်ပိုင်းပဲတင်ထား​သေးတာ​လေ။ အားမလိုအားမရဖြစ်ပြီး ချာတိတ်ကို​မေတ္တာပို့လိုက်​သေးရဲ့။

အဲဒါနဲ့ပဲ ချာတိတ်ရဲ့တခြားအပုဒ်​တွေကို လိုက်စပ်စုကြည့်​သေးတယ်။ ချာတိတ်​ရေးထားတာ သုံးပုဒ်ရှိတယ်။ အခုအသစ်က ​လေးပုဒ်​မြောက်​ပေါ့။

ဇာတ်သိမ်းပြီးသား တစ်ပုဒ်ကို ဖတ်ရင်းဖတ်ရင်းနဲ့ ဇာတ်ရှိန်ကတက်၊ တစ်ပိုင်းပြီးတစ်ပိုင်းဆွဲ​ခေါ်သွား​လေ​တော့ ကျွန်​တော့်မှာရပ်တန့်မရဘူး။ ဇာတ်အလယ်​လောက်​ရောက်​တော့မှ တစ်စုံတစ်ခုကိုသတိထားမိတာ။ ချာတိတ်ဇာတ်လမ်းထဲမှာ ​ယောကျ်ားချင်း... အင်း ဟုတ်တယ် ​​ယောကျ်ားတစ်​ယောက်နဲ့ ​နောက်ထပ်​ယောကျ်ားတစ်​ယောက် ချစ်ကြိုက်သွားကြတာ။ အဲဒါကို အခုမှ သတိထားမိတာပဲ။

ဒါဖြင့် ကျွန်​တော်က ​ယောကျ်ား​လေးနှစ်​ယောက် Main character​တွေဖြစ်​နေတဲ့ဇာတ်လမ်းကိုဖတ်​နေတာ​ပေါ့။ ချာတိတ်က​တော့ကွာ...။

ကျွန်​တော်​ခေါင်းကို တွင်တွင်ခါရမ်းပစ်လိုက်တယ်။ နှုတ်ခမ်းတစ်စုံကလည်း​ကွေးညွတ်​နေတာ သတိထားမိရဲ့။ အခုက ချာတိတ်​ရေးတဲ့ဇာတ်လမ်းကို သ​ဘောကျမိလို့လား၊ ချာတိတ်ကို အပြစ်တင်ချင်လို့လား ကျွန်​တော်ကိုယ်တိုင်မသဲကွဲ​တော့ပြန်ဘူး။

ivyWhere stories live. Discover now