Unicode...
နှစ်ရက်နားပြီးတဲ့နောက်မှာ ချာတိတ်ကပုံမှန်အတိုင်း updateတွေတင်တယ်။ သူပြောဖူးတဲ့အမာခံReaderကြီး ကျွန်တော်ကလည်း သူ့ရဲ့တခြားစာဖတ်သူတွေနဲ့အပြိုင် First voteလုတတ်လာခဲ့တယ်။
ကျွန်တော် First Voteရချိန်တိုင်း ချာတိတ်ကကျွန်တော့်ကိုချီးကျူးစကားဆိုရဲ့။ တစ်ခါတလေ ကျွန်တော်ဟင်းချက်နေရင်းလည်း ချာတိတ်များ တင်တော့မလားဆိုပြီး Wattpadကိုဖွင့်ထားရတဲ့အခါများလည်းရှိတယ်။ ကလေးဆန်ပြီး ရူးကြောင်ကြောင်နိုင်တာသိပေမဲ့ ကျွန်တော်ကတော့ သဘောတကျကိုလုပ်ဖြစ်နေတာပါပဲ။
ချာတိတ်ဇာတ်လမ်းထဲမှာ ကျွန်တော်ပြောပြခဲ့တဲ့ကုန်ကြမ်းတွေပါလာတဲ့အခါ ဂုဏ်ဆာမိပြန်ပါရော။ နောက်ပြီး ချောကလက်ရေခဲမုန့်ကျွေးလို့ မျက်နှာပျက်သွားတဲ့ဇာတ်ကောင်အကြောင်း ပါလာတော့ ကျွန်တော့်ကိုကျွန်တော် ပြန်မြင်ယောင်မိတယ်။ ချာတိတ်လည်း ကျွန်တော့်ကိုမြင်ယောင်ပြီး ရေးတယ်ဆိုတာ ပြောရဲတယ်။
တောင်~~~
>> လူဆိုးကြီး ကျွန်တော် blockဖြစ်နေတယ် စာမရေးနိုင်ဘူး
ကျွန်တော်တို့နှစ်ယောက်အတူတူ ဆုံးဖြတ်ချက်ချအပြီးတဲ့နောက်ပိုင်း သူကကျွန်တော့်ကို လူဆိုးကြီးလို့ပဲခေါ်တော့တယ်။ ကျွန်တော်ကတော့ သူ့ကို ချာတိတ်လို့ပဲခေါ်ဖြစ်ပါတယ်။
>> ဒါဆိုမရေးနဲ့လေ အနားယူပါဦး
>> တော်ကြာ ကျန်းမာရေးပါ ထိခိုက်လိမ့်မယ်>> ဒါပေမဲ့ မနက်ဖြန်တစ်ပိုင်းတင်ရဦးမယ်လေ
>> ကျွန်တော်ရေးထားတာတွေမရှိတော့ဘူးဗျ လူဆိုးကြီး ကျွန်တော့်ကို မိုတီပေးဖို့မစဉ်းစားဘူးလားချာတိတ် ကျွန်တော့်ကို အဲလိုလာချွဲရင် ကျွန်တော့်ရင်ထဲ ကကျိကကျိနဲ့။ ပြီးရင် သူဖြစ်ချင်တာကိုလည်း ရအောင်လုပ်ပေးချင်တာ အသည်းအသန်ပါပဲဗျာ။
>> ဒါဆို Guitarတီးပြမယ် မတီးတာကြာတော့ နည်းနည်းတော့ကြောင်မယ်ထင်တယ်
>> မိုတီလိုနေတဲ့လူကပဲ ကြိတ်မှိတ်နားထောင်ပေးနော်
YOU ARE READING
ivy
Teen FictionBoy x Boy Short Story💌 ဆက်ပြီးတွယ်မတက်ချင်ပါနဲ့တော့ နွယ်ပင်လေးရယ်။ မင်းတွယ်ကပ်နေတဲ့ကျောက်ဆောင်က ညစ်ညမ်းလွန်းပါတယ်။ အညွန့်အတက်တွေနဲ့ လှပလွန်းတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကလေးက ကျက်သရေမဲ့လွန်းတဲ့ မင်းခိုတွဲရာကျောက်ဆောင်ကြောင့် ညှိုးမှိန်သွားလိမ့်မယ်။...