Unicode...
ချာတိတ်က Facebookမှာ Onlineမဖြစ်ပေမဲ့ ficကိုတော့ ပုံမှန်အတိုင်း Updateတယ်။ ကျွန်တော် Messengerမှာစကားပြောထားတာလည်း အခုထိမရောက်သေးဘူး။
Fic upတဲ့နိုတီတွေ့တော့ ကျွန်တော်ပျော်သွားတယ်။ ချက်ချင်းဆိုသလိုပဲ Meaasge boxကိုသွားပြီး စာပို့လိုက်တယ်။
>> ချာတိတ် အဆင်ပြေရဲ့လား
ကျွန်တော် ချာတိတ်ရဲ့Replyကို၅မိနစ်လောက်စောင့်နေသေးတယ်။ ချာတိတ်ကပြန်မပြောခဲ့ဘူး။ သက်ပြင်းရှည်တစ်ချက်ချပြီး ချာတိတ်တင်ထားတဲ့ အပိုင်းသစ်ကိုပဲဖတ်လိုက်တော့တယ်။ ဒီနေ့တော့ ကျွန်တော် First voteမရသလို First voteမရလို့ဆိုပြီး သွားဂျီတိုက်ရမဲ့ချာတိတ်လည်း မရှိပြန်ဘူးပေါ့။
ဖုန်းခေါ်လို့ရပေမဲ့ ချာတိတ်အနှောင့်အယှက်ဖြစ်မှာစိုးတာ၊ အဆူခံရမှာစိုးတာကြောင့် တွန့်ဆုတ်နေပြန်ပါရော။
........
နောက်တစ်ရက်လည်း ချာတိတ်က မပျက်မကွက်Updateတင်ပေးခဲ့တယ်။ ကျွန်တော်လက်မလျှော့ဘဲ Wattpad message boxမှာစကားစပြောခဲ့တယ်။ ချာတိတ်ဆီက Replyတော့မလာခဲ့ပါဘူး။
အရင်ကဆို တစ်ခုခုဖြစ်ရင် A/N ရေးတတ်တဲ့ချာတိတ် အခုများတော့ ဘာဆိုဘာမှအထွန့်မတက်ပါဘဲ ဇာတ်လမ်းတွေချည်းတင်နေတာ သတိထားမိတယ်။
Replyလေးတစ်ခုလောက်ဖြစ်ဖြစ် ပြန်ပါ့လား ချာတိတ်ရယ်။
..........
ဒီနေ့တင်တဲ့အပိုင်းက ဒီတစ်ပတ်အတွက် နောက်ဆုံးအပိုင်းပဲ။ ဒီနေ့မှ ချာတိတ်ဆီက Replyမရရင်တော့...။ ကျွန်တော်မတွေးချင်တော့ဘူးဗျာ။
ကျွန်တော် သူတင်မဲ့အချိန်ကို နာရီလက်တံတွေကိုကြည့်ပြီးထိုင်စောင့်နေခဲ့တယ်။ အစာစားချင်စိတ်လည်းမရှိဘူး။ ဘာမှလုပ်ကိုင်ချင်စိတ်လည်းမရှိဘူး။
အခုကျွန်တော့်ခေါင်းထဲမှာ အတွေးပေါင်းစုံချာချာလည်နေတယ်။ ဘာအတွေးတွေလဲဆိုတာကို သေချာစမ်းစစ်ဖို့လည်း ခက်ခဲနေတယ်။
YOU ARE READING
ivy
Teen FictionBoy x Boy Short Story💌 ဆက်ပြီးတွယ်မတက်ချင်ပါနဲ့တော့ နွယ်ပင်လေးရယ်။ မင်းတွယ်ကပ်နေတဲ့ကျောက်ဆောင်က ညစ်ညမ်းလွန်းပါတယ်။ အညွန့်အတက်တွေနဲ့ လှပလွန်းတဲ့ မင်းရဲ့ဂုဏ်ပုဒ်ကလေးက ကျက်သရေမဲ့လွန်းတဲ့ မင်းခိုတွဲရာကျောက်ဆောင်ကြောင့် ညှိုးမှိန်သွားလိမ့်မယ်။...