1

1.6K 66 3
                                    

Unicode...

11:00 AM at a Shopping center...

Card​တွေ သူသူငါငါကိုင်ပြီး​ဈေးဝယ်ကြတဲ့​ခေတ်မှာ ​ငွေသားကိုင်​ဆောင်လာသူဆိုတာ ​တော်​တော်ရှားတယ်။ အခု​တောင် ကျွန်​တော်ဒီကို​ရောက်​​နေတာ မနက်၉နာရီကတည်းက...။ ​​မနက်ခင်းပိုင်း​ဈေးဝယ်မကျ​သေးခင်တည်းက Centerထဲမှာရှိတဲ့ Supermarketနဲ့မျက်နှာချင်းဆိုင်က​နေ အကဲခတ်​နေတာ။ ​ငွေရှင်းတဲ့လူအများစုက Card​တွေနဲ့ချည်းပဲ။

အခုထိ စိတ်ရှည်ရှည်ထိုင်​စောင့်​ပေမဲ့ ​ငွေသားကိုင်​ဆောင်သူရယ်လို့ မ​​တွေ့ရ​သေးဘူးဗျာ။

1:00 PM ...

စိတ်ရှည်ခြင်းသည် ​အောင်မြင်ခြင်းရဲ့လမ်းစတဲ့။ အခုပဲကြည့်။ ပစ်မှတ်ကို​တွေ့ပြီ။ ​ပိုက်ဆံအိတ်ကိုဖွင့်ပြီး ၅၀၀၀တန်​​တွေ​နဲ့ချည်း ​ငွေရှင်း​နေတဲ့ အ​မျိုးသမီးကြီးတစ်​ယောက်...။ ​ကျေနပ်ပြုံးကြီးတစ်ခုလုပ်ယူပြီးတဲ့​နောက် အမျိုးသမီးကြီး​နောက်က​နေ ထပ်ကြပ်မကွာလိုက်ခဲ့တယ်။ သူက​တော့ Centerထဲမှာ ပတ်ပြီးဟိုဝယ်ဒီဝယ်​ပေါ့။

ကျွန်​တော် လူ​တွေမရိပ်မိ​​အောင် အဲဒီအမျိုးသမီးကြီးကို အ​သေးစိတ်အကဲခတ်လိုက်တယ်။ ပိုက်ဆံအိတ်ကိုဘယ်လိုပုံစံကိုင်တတ်တယ်။ ပိုက်ဆံရှင်းခါနီးဆို ဘယ်လိုပုံနဲ့​ငွေထုတ်တတ်တယ်ဆိုတာမျိုး​တွေ​ပေါ့။

ဒါကကျွန်​တော့်ရဲ့ တစ်နှစ်တာခါးပိုက်နှိုက်အ​တွေ့အကြုံ​​​က​နေ တတ်​မြောက်လာတဲ့ စပါယ်ရှယ်ပညာရပ်တစ်မျိုးပဲဗျ။ သာမန်မျက်စိနဲ့ ကျွန်​တော့်ရဲ့စူးရှတဲ့ခါးပိုက်နှိုက်မျက်စိက​တော့ ဘယ်တူလိမ့်မလဲ။

အတန်ကြာ​လေ့လာပြီးတဲ့​နောက်မှာ အမျိုးသမီးကြီးက ဓါတ်​​လှေကားသုံးဖို့ ရပ်​စောင့်​နေတယ်။ ဒါနှစ်ခါမလာနိုင်တဲ့အခွင့်အ​​ရေး​ပေါ့။ ကျွန်​တော်လည်း အမျိုးသမီးကြီး​ဘေးက​နေဓါတ်​လှေကားအတူ​စောင့်​နေလိုက်တယ်။

ကံတရားက ကျွန်​တော့်ကိုဆို မ​ကောင်းမှုလုပ်​နေလည်းမျက်နှာသာ​ပေးသဗျ။ ဓါတ်​လှေကားထဲ ကျွန်​တော်တို့နှစ်​ယောက်ပဲရှိတယ်။ ဒါဟာလည်း တစ်ခုတည်း​​သောအခွင့်အ​​ရေးပဲ။

ivyDonde viven las historias. Descúbrelo ahora