伪装学渣
Wei Zhuang Xue ZhaUNICODE
ပညာရေးမှာမင်းအခက်ကြုံလေတိုင်း မင်းစိတ်ညစ်နေတာကို ငါဒီတိုင်းပဲကြည့်နေနိုင်တယ်
ဟယ့်ကျောင်းကား မေးခွန်းကိုဖတ်နေစဲရှိရင်းမှတစ်ဆက်တည်း လောင်ဝူရဲ့ ပန်းရောင်မြေဖြူကိုသုံးပြီး အရေးကြီးအချက်တို့ချရေးနေသည့်စီပါလိုက်ကြည့်ကာ ကိန်းဂဏန်းတို့ကိုဆက်စပ်ကြည့်လျက် ခေါင်းထဲဖြေရှင်းနည်းသုံး/လေးမျိုးပင်ထွက်လာခဲ့ပါသည်။
ဒီစာသင်ချိန်မှာပြောသွားခဲ့သည့် အယူအဆတို့က တကယ်တော့ရိုးရှင်းလှ၏ ၊ သို့ပေသည့် ထိုအယူအဆလေးအား functionဆိုသည့် မှီကိန်းဆိုတာနှင့်ပေါင်းစပ်ထားလိုက်ချိန်မှာတော့ ခက်တဲ့ဘက်ချက်ချင်းပဲပြောင်းလို့သွားပေသည်။
ဟယ့်ကျောင်းဟာ စာရွက်ဖြဲပြီးအကြမ်းတွက်ချင်စိတ်ပင်ဖြစ်လာရ၏။
ရှဲ့ယွီသည် လှမ်းလှမ်းကြည့်မိရင်းမှ ဟယ့်ကျောင်း ကျောက်သင်ပုန်းကိုကြည့်နေတဲ့ပုံစံက သူခုနကခေါင်းငုံ့ပြီးဂိမ်းဆော့နေတာထက်ပင် အာရုံစူးစိုက်လျက်ရှိကြောင်း အနည်းငယ်သတိထားမိလိုက်ပါသည်။
ဟယ့်ကျောင်းဂိမ်းဆော့နေတာက တကယ်တမ်းကြအားတက်သရောမရှိဘဲ ပေါ့ပေါ့တန်တန်ဟိုဒီနှိပ်လို့ သိပ်ပြီးစိတ်မပါလှ။
ကြိုက်လို့ဆော့နေတာထက် လုပ်စရာမရှိအားနေခြင်းကြောင့် ဆော့တာနှင့်ပိုလို့ပင်တူသည်။
စကေးကတော့မဆိုးလှပါ ၊ မဟုတ်မဟတ်တွေသိပ်လုပ်ပြီး ဝမ့်သာတို့တစ်တွေကတော့ ညပိုင်းself-studyချိန်တိုင်း အမြဲလာအော်တတ်သည်။
"အစ်ကိုကျောင်း ငါ့ကိုလည်းခေါ်ပါဦး ၊ မင်းကဘယ်serverမှာလဲ။"
ဟယ့်ကျောင်းအကြိမ်တိုင်း ပြန်လို့ပြောသည်မှာ. .
"မခေါ်ဘူး ၊ ငါကငါ့ထုံကျောနဲ့ ရိုဆန်ဆန်နှစ်ယောက်တွဲဆော့မလို့။"
ဝမ့်သာမှာ လက်မလျှော့စတမ်း တွဲဖက်နေရာတွင်ပါဝင်ရဖို့တောင်းဆိုလာ၏။
"အစ်ကိုယွီနဲ့? ဒါဆိုရင်တော့ Soloဖြစ်ပြီးသေပွဲဝင်မှာပဲ ၊ တွဲဖက်ရှိတဲ့ခံစားချက်လေးကိုများ မင်းခံစားမကြည့်ချင်ဘူးလား။"
YOU ARE READING
ဝေကျွမ်းရွှယ်ကျား (ဘာသာပြန်)
Teen FictionAuthor - 木瓜黄 (Mu Gua Huang). He Zhao x Xie Yu 贺朝 x 谢俞 Original title - 伪装学渣 / Wei Zhuang Xue Zha (ကျောင်းသားဆိုး အယောင်ဆောင်) / (ကျောင်းသားဆိုး အယောင်ဆောင်) Eng title - Fake Bad Students / Slackers ♦️|Myanmar Translation| Source - jjwxc