1

505 54 11
                                    

FIRST

__________



South Korea , Seoul
Gangnam Gu .


ဂျဲနို ကျောင်းမှပြန်ရောက်တော့ ဒယ်ဒီ့ကိုမတွေ့ရ , အလုပ်အခန်းထဲ ဒါမှမဟုတ် ဒယ်ဒီပြန်မရောက်သေးတာ ဖြစ်နိုင်သည် ။

အခုရက်ပိုင်းသူတို့ ဆေးတက္ကသိုလ်ကျောင်းသားအချို့ညချိန်ပါကျောင်းမှာရှိနေတက်ကြသည်မလို့ အိမ်ပြန်ကတော့နောက်ကျဖြစ်သည် ။

သားအဖနှစ်ယောက်ထဲနေကြသောကြောင့်အိမ်မှာသူရှိရင်ရှိ မရှိရင်ဒယ်ဒီရှိသည် ။

သူ့ရဲ့ကိုယ်ပိုင်အခန်းကိုသာတက်သွားလိုက်ရင်း လွယ်အိတ်ကိုကုတင်ဘေးပစ်ချကာ ရေချိုးရန်ပြင်လိုက်သည် ။

အင်္ကျီချွတ်လို့မှမဆုံးသေး သူ့ဆီဝင်လာတဲ့ ဖုန်းကောလ်တစ်ခု ။ မျက်နှာပြင်တွင်ပေါ်နေသည်မှာလဲ နံပါတ်စိမ်းဖြစ်သည်

ဒီလိုဖုန်းမျိုးကဆက်ဖို့ခဲယဉ်းပါသည် ။ သူငယ်ချင်းအချို့နဲ့သာဖုန်းအဆက်အသွယ်ရှိတဲ့သူက တော်ရုံလူကိုဖုန်းနံပါတ်မပေးသလို လာတောင်းရင်လဲ ခပ်ပြတ်ပြတ်သာ ငြင်းဖြစ်တာများသည် ။

"ဟယ်လို"

တစ်ဖက်ကလူရဲ့အပြောမှာ သူ့ဆီကထွက်လာတဲ့အသံကျယ်ကျယ်ဟာ စိုးရိမ်ခြင်း , မယုံကြည်ခြင်းတွေနဲ့ပြည့်နေတဲ့ အာမေဍိတ် တစ်ခု

"ခင်မျာ!!!"

•••••••••••••

ညတွင်းခြင်း လေယာဉ်လက်မှတ်ဝယ်ကာ လေဆိပ်သို့ဂျဲနိုရောက်နေလေပြီ ။
အဖော်လိုက်လာတဲ့ ဟယ်ချန်းက သူ့အရိပ်အကဲကိုသိသောကြောင့် ဘာစကားမှမပြောပဲ ဘေးနားကနေငြိမ်ငြိမ်လေး စောင့်နေပေးသည် ။

"ဒယ်ဒီ့ကိုတော့မင်းကြည့်ပြောထားပေး ဟယ်ချန်း"

"အေးပါ ဘယ်နှစ်ခါလောက်မှာနေမှာလဲငါ့ကို"

"တစ်ခုခုဆိုရင်တော့ငါချက်ချင်းပြန်လာမှာပါ"

"စာမေးပွဲမတိုင်ခင်သာ မှီအောင်ပြန်ခဲ့ ကျန်တာငါ့တာဝန်ထား ဟုတ်ပြီလား"

ဟယ်ချန်းကသူ့ပုခုံးကိုပုတ်ကာပြောနေရင်း သူကတော့မာမီ့အကြောင်းသာတွေးဖြစ်ခဲ့တယ် ။

One Of Us! [NoRen]Where stories live. Discover now