7

221 35 8
                                    

UNICODE

ဘားကနေ အိမ်ကိုပြန်လာတဲ့လမ်းတစ်လျှောက် မှောင်နေသည်မလို့ ရမ်ကျွင့် ကျောပါချမ်းလာရသည်အထိ ။

"ဘယ်လိုကြီးလဲကွာ"

ဒီနေ့ကျမှ ပျက်နေတယ်ဟုထင်ရသော လမ်းမီတိုင်တွေကလဲ မှိန်မှိန်လေးတွေကိုဖြစ်လို့ ။
လွယ်အိတ်ကြိုးကိုလက်နဲ့တင်းကျပ်စွာကိုင်ထားရင်း အိမ်ရောက်ဖို့သာ ဆုတောင်းနေရတာ အာခေါင်ပါခြောက်လာရသည်အထိ ။

* တီ တီ တီ *

အနောက်ကနေစူးဝါးစွာထိုးလာသော မီးနဲ့အတူ ဟွန်းသံကျယ်ကျယ်ကိုတီးလာသော ကားတစ်စီိး ။
ထိုကားက ရမ်ကျွင့် နားတွင်ရပ်သွားရင်းပဲ ကားပေါ်က လူလေးယောက်လောက်ဆင်းလာသည် ။

"ဟေ့ကောင်!"

"မင်းလား? ဟိုဘားကအဖျော်ဆရာဆိုတာ"

"ဒီမှာ! ဘာကိစ္စလဲ?!"

လူကောင်ကသာသေးသော်လည်း ဒေါသကတော့မသေးသည်မလို့ ရမ်ကျွင့် ပြန်ချေပသည်အား ထိုလူတွေကခနဲ့တဲ့တဲ့ရယ်ကြသည် ။

"တော်ကြစမ်းကွာ!!!"

ကားပေါ်ကနေဆင်းလာရင်း ဆရာကြီးလေသံနဲ့ပြောလာသောလူတစ်ယောက် ။

"ဟင်? ဟိုအဆိုတော်ကောင်?"

ရမ်ကျွင့် တစ်ကိုယ်ရည်တီးတိုးပြောလိုက်သည် ။

"ကြာတယ်ကွာ ချုပ်ထား!"

ရမ်ကျွင့် ကိုဖမ်းချုပ်လာသော ထိုလူလေးယောက်ရဲ့အားကို ရမ်ကျွင့် မယှဉ်နိုင် ။

"ဒီမှာ! ခင်များတို့ဘာလဲဗျ?! ဟေ့လူတွေ"

*ခွပ် ခွပ်!! *

နှစ်ချက်ဆင့်ထိုးလိုက်တာမလို့ နှုတ်ခမ်းထောင့်မှသွေးစတောင်ထွက်လာသည် ။

"အ့!"

* ခွပ် ခွပ် *

နောက်ထပ်နှစ်ချက်ထိုးပြီးသည်နှင့် ထိုအဆိုတော်ကောင်ကပြုံးကာ ။

"ဆရာကြီးလာမလုပ်နဲ့! စားပွဲထိုးလိုကောင်ကများ ငါ့ကိုပြန်ခံပြောချင်သေးတယ်! လာ!! ဟေ့ကောင်တွေ သွားမယ်!"

(၄) ချက်အထိုးခံထားရတဲ့ ရမ်ကျွင့် ကမလဲကျသော်ငြား အတော်လေးအထိနာတာမလို့ နှုတ်ခမ်းထောင့်ကသွေးတွေကိုသုတ်ရင်း ထိုကားထွက်သွားရာအားလိုက်ကြည့်နေမိသည် ။

One Of Us! [NoRen]Where stories live. Discover now