6

184 35 15
                                    

Unicode





ရမ်ကျွင့် နဲ့အတူ မွေးနေ့ပွဲအသေးစားလေးအား ဝိုင်းကူနေတဲ့ ဂျဲနို တစ်ယောက်ပြုံးယောင်သန်းလျှက် လာသမျှခလေးတွေအား မူန့်တွေဝေလို့နေတယ် ။

သူ့ရဲ့ငွေနဲ့ဒီက ခလေးတွေမစားဖူးလောက်သည် ထင်သော ဈေးအနဲငယ်ပေးရသည့် မုန့်မျိုးစုံအား ဂျဲနို ကအယောက် ၁၀၀၀ စာလောက်ဝယ်ခဲ့ရင်း မွေးနေ့မှာဝေနေတာ အခုထိမကုန်သေး ။

မွေးနေ့ရှင်ကလဲ ရမ်ကျွင့် တို့ရပ်ကွက်ထဲကပဲဖြစ်တာကြောင့် အတော်လေးပျော်နေရှာသည် ။

"ကိုကိုကြီး!!!"

ဆံပင်နှစ်ဖက်ကိုခွဲလို့ချီထားတဲ့ ၈,၉ နှစ်အရွယ်ခလေးမလေးတစ်ယောက်က ဂျဲနို အားခေါ်လာသည်မလို့ ဂျဲနို လှည့်ကြည့်လိုက်သည် ။

"မုန့်တစ်ခုလောက်ပိုပေးလို့ရလားဟင်???"

ချစ်စရာသဖွယ်ပြောနေသော်လည်း တရုတ်လိုအများကြီးမတက်တဲ့ ဂျဲနို ကခလေးမလေး ပြောသည်အား နားမလည်ပေ ။

"ဘာဖြစ်လို့လဲ? ရှောက်မိန်းမိန်းလေး??"

ရမ်ကျွင့် ကသူတို့အနားရောက်လာကာ ခလေးမလေးကိုမေးလိုက်သည် ။

"အိမ်မှာ မီးမီးရဲ့မောင်လေးနဲ့ညီမလေးကျန်ခဲ့လို့ သူတို့အတွက်မုန့်တစ်ခုပိုယူလို့ရလားကိုကို?"

"အာ..ရတာပေါ့ ခဏလေးနော်"

​ဂျဲနို ကသိချင်တာကြောင့် ရမ်ကျွင့် ဆီကအကြည့်တွေအားမလွှဲသေး ။

"အိမ်မှာညီမလေးတွေမောင်လေးတွေကျန်ခဲ့လို့ မုန့်တစ်ခုပိုယူချင်တာတဲ့"

ရမ်ကျွင့် ကထိုခလေးမလေးခေါင်းကိုပွတ်ရင်း ဂျဲနို ဘက်လှည့်ကာ ဘာသာပြန်ပေးသည်မလို့ ဂျဲနို ပြုံးကာ ဒူးထောက်ထိုင်လိုက်ရင်း ။

"ရော့.. ဦးကသမီးကို အများကြီးပေးလိုက်မယ်နော်"

"ရှဲရှဲ ကောကော"

ခလေးမလေး ပျော်ကာခုန်၍ထွက်သွားတော့ ရမ်ကျွင့် က ဂျဲနို အားကြည့်ရင်း ။

"ကိုကို..!"

"ဟမ်!"

​ဂျဲနို ကရမ်ကျွင့် ကိုကြောင်တောင်တောင်လေးကြည့်၍အာမေဍိတ်ထွက်သွားသည် ။

One Of Us! [NoRen]Where stories live. Discover now