Unicode
"ဖွားဖွား သားအလုပ်သွားအုံးမယ် စားဖို့လဲချက်ပေးထားခဲ့တယ်နော်"
သူတို့နေရာကနေ ၅ မှတ်တိုင်လောက်စီးလျှင် သူ့အလုပ်ရှိရာသို့ရောက်သည် ။
အလုပ်ကတခြားတော့မဟုတ် Restaurant တစ်ခုတွင်စားပွဲထိုးဖြစ်သည် ။ဒါပြီးရင်တော့ သူ Convenience Store မှာ cashier ထိုင်ရမည်ဖြစ်သည် ။
တစ်နေ့ကို အလုပ် ၄ ခုလောက်တော့ပုံမှန်လုပ်သည် ။အဖွားနဲ့နေရတဲ့ဘဝဆိုတော့ သူမရှာလျှင်အဆင်မပြေနိုင်ပါ ။
သူ့အလုပ်ရှိရာသို့ရောက်တဲ့အခါ မန်နေဂျာအကိုကအပြင်ထွက်လို့ဆေးလိပ်သောက်နေသည် ။
"အာ ရမ်ကျွင့်ဒီနေ့စောတယ်နော်"
"ဟုတ်တယ် Kun ကော"
"နာရေးရှိနေတာ အေးဆေးမှလာလဲရပါတယ်ကွ! ကောပြောပေးထားလို့ရတာပဲကို"
"ရပါတယ် ကောရဲ့"
ဒီနေ့မှပင် ဧည့်သည်တွေကအလာများသည် ။ တစ်ဝိုင်းပြီးတစ်ဝိုင်းလူမပြတ်တာကြောင့် ထိုင်ဖို့နေနေသာသာ ချွေးသုတ်ချိန်တောင်မရ ။
"ရမ်ကျွင့် table 5 ကခေါ်နေတယ်"
"အိုခေ!"
စားပွဲထိုးအချင်းချင်း တစ်ယောက်တစ်ယောက်နဲ့နားလည်မှု့ယူထားကြသည်မှာတော့ တခါတလေ မဟန်နိုင်တော့ရင်အစားထိုးလုပ်ပေးဖို့ဖြစ်သည် ။
အခုလဲ ယမ်ယမ် ကပင်ပန်းနေတာသိသောကြောင့် သူကပဲသွားလိုက်တာဖြစ်သည် ။
အလုပ်ပြီးသည်နှင့် အကုန်လုံးပင်ပန်းနေကြပြီ ။
"ရမ်ကျွင့်ရော့! ဒီနေ့အတွက်မုန့်ဖိုး သူဌေးကပေးလိုက်တာ"
kun ကော ပေးသော စာအိတ်ကိုဆုတ်ကိုင်ရင်းပျော်မိသည်မှာတော့ အမှန်ပင် ။
အလုပ်လုပ်၍ရလာသောပိုက်ဆံတို့ကို
ရမ်ကျွင့်မြတ်နိုးသည် ။"ရမ်ကျွင့်လေး!"
"ဘာလဲ? ဘာမှမရဘူးနော်ဖွားဖွားအတွက်ဆေးဝယ်ပေးရအုံးမှာ"
"အောင်မာ! ငါကလဲငါ့အတွက်ပြောနေတာမဟုတ်ပါဘူးနော် မင်းပင်ပန်းနေတာမကြည့်ရက်လို့ နားရအောင်တိုက်တွန်းနေတာ"
YOU ARE READING
One Of Us! [NoRen]
FanfictionNoRen fanfic Burmese language Both Unicode & Zawgyi cover by @pintie