9

197 32 8
                                    

[Unicode]

Shanghai
China.

အချိန်တွေပိုကြာလာလေလေ , ရမ်ကျွင့် ကချစ်စရာပကတိကောင်းတဲ့သက်ရှိကလေးဆိုတာ ဂျဲနို ပိုသိလာရတယ် ။
လောကကြီးမှာ ယုန်လေးတွေကြောင်လေးတွေကသာ ချစ်ဖို့ကောင်းတဲ့သက်ရှိတွေလို့တင်စားကြပင်မယ့် ရမ်ကျွင့်ကိုတော့ မှီမယ်မထင်ဘူး ရာခိုင်နှိုင်းအပြည့်ကိုပေါ့ ။

အစကတော့ ရမ်ကျွင့် ကိုခွင့်ယူဖို့ပြောထားပင်မယ့် မန်နေဂျာကမပေးတာကြောင့် အလုပ်ပြီးတဲ့အထိသူထိုင်စောင့်ဖို့စဉ်းစားပြီးသား ။

ဒီရက်ပိုင်းတွေမှာ ဂျဲနို ကသိသိသာသာ , ကျောင်းစာတွေလဲစိတ်မဝင်စားသလို ဒယ်ဒီ့ အလုပ်တွေကိုလဲ ကူလုပ်ပေးချင်စိတ်တွေ တစိမှရှိမနေပါဘူး ။

အချိန်ပြည့် ရမ်ကျွင့် နဲ့အတူအချိန်ကုန်ချင်နေတာ , ငယ်ငယ်က အပတ်စဉ်ကစားကွင်းသွားရသလိုပဲ ! ဘယ်နှစ်ရက်ပြည့်တာနဲ့ ရမ်ကျွင့် နဲ့ချိန်းဆိုဖို့ကို စိတ်အားထက်သန်နေတာများတယ်လေ ။

"ဂျဲနို!"

ထိုင်နေတဲ့ ဂျဲနို နား ရမ်ကျွင့် အပြေးကလေးရောက်လို့လာတယ် ။

"အာ အင်း!"

လက်ရှည်ဖြူဖြူကို ဘောင်းဘီအနက်နဲ့တွဲလို့ Apron လေးချည်ထားတာတောင်မှ လူတစ်ယောက်ကအဲ့ဒီလောက်ပြီးပြည့်စုံရသလားနော်...

"ဂျဲနို???"

"ဟင် အင်း?"

"ကျွန်တော်အဝတ်လဲပြီးတာနဲ့လာခဲ့မယ်လို့"

"ဪ အင်းအင်း"

သူ့ရဲ့အဖြေအဆုံး ရမ်ကျွင့် ကခပ်သွက်သွက်လျှောက်လို့ kitchen အနောက်ဘက်ထဲဝင်သွားသည် ။
ဂျဲနို လဲ ရမ်ကျွင့် မရှိတော့သည်မလို့ ဟိုဟိုဒီဒီကြည့်ရင်း သူ့ရှေ့ကကော်ဖီခွက်ကိုကြည့်မိတော့ ကော်ဖီတွေဟာ အေးစက်စက် , ပြီးတော့.. တစ်စက်မှလဲမလျော့သေးဘူး ။

နေပါအုံး? သူဒီကော်ဖီတွေမသောက်မိတာလား? မသောက်မိရအောင်ဘာတွေလုပ်နေလို့လဲ?

_

သူတို့နှစ်ယောက် ရဲ့အားလပ်ချိန်တွေကို အသုံးဝင်အောင်အသုံးချတာများတယ် ။ ရမ်ကျွင့် ကတော့အနုပညာနဲ့ပက်သတ်တာတွေကိုစိတ်ဝင်စားပင်မယ့် သူကတော့... အင်း.. စိတ်ဝင်စားတာမရှိဘူးဆိုရမလားပဲ ။

One Of Us! [NoRen]Where stories live. Discover now