စံအိမ်ရဲ့အပေါ်ထပ်၌ အနောက်တိုင်းဝတ်စုံနဲ့ ရမ်ကျွင့် ဟာသေသပ်ခန်းနားစွာဖြင့် စန္ဒရားကိုတီးခတ်နေတာ နတ်ပြည်ပေါ်မှာရှိတဲ့ တူရိယာနတ်သားလိုပဲ... ။သိပ်လှပတာပေါ့..! ပြီးတော့ သိပ်ပြီးတော့လဲ.... ကြောက်ဖို့ကောင်းတယ်....
အနက်ရောင် နက်ကတိုင် , အနက်ရောင် suit , အနက်ရောင် ဆံနွယ်တွေနဲ့ အောက်ပိုင်းနားက ဆံပင်တွေကိုတော့ အဖြူရောင်ချယ်သ ကာဆိုးထားသည် ။
ဈေးကြီးလှတဲ့ ပြောင်လက်လက် shoes ပေါ်ကို ရေကလေးတစ်စက်ကျရောက်သွားချိန်....
"တောက်ခ်...!"
အခန်းကြီးထဲ ရမ်ကျွင့် အသံကဟိန်း...လို့ !
အိမ်အကူမလေးရဲ့ ကော်ဖီဗန်းလေးကိုင်ထားတဲ့လက်တွေဟာ တဆက်ဆက်တုန်လို့ ဒူးကိုထောက်ချလိုက်သည် ။
ဗန်းကိုလဲမလွှတ်ချရဲပဲ ခါးကိုကုန်းကာ ကြမ်းပြင်မှာဝတ်တွားရင်း..."တောင်းပန်ပါတယ် သခင်လေး... တောင်းပန်ပါတယ် ကျွန်မမှားသွားပါတယ်"
"ငါ့ခွင့်ပြုချက်မရပဲ ဘယ်အကြောင်းပြချက်နဲ့မှမဝင်ရတာ မသိတာလား!!!!!!!!!!!!!!"
အော်သံရဲ့အဆုံး အိမ်အကူမလေးရဲ့မျက်ရည်တွေဟာ ပိုးပိုးပေါက်ပေါက်ကျလို့ရယ်.. ။
သူမ ကျတဲ့မျက်ရည်ဟာ အလုပ်ထုတ်ခံရမှာကြောင့်မဟုတ်ပဲ သူမကိုအပိုင်းပိုင်းသတ်ဖြတ်ကြတော့မှာကို ကြိုသိနေလို့တဲ့လေ... ။_
[လွန်ခဲ့သော ၉ ရက်ခန့်က]
ပုံမှန်အလုပ်ပြန်ချိန်မှာ အေးဆေးစွာဘက်စ်မှတ်တိုင်ကိုလျှောက်လာတဲ့ ရမ်ကျွင့် ။
နားဂျပ်ကလေးနဲ့သီချင်းနားထောင်လို့ သံစဉ်အလိုက် ခေါင်းကလေးကလဲတယိမ်းယိမ်း....မထင်မှတ်ထားသည်ကတော့ ပြောင်ပြောင်နက်နက် ကားအမဲတစ်စီးဟာ ဘာမဆီညာမဆိုင်သကဲ့သို့ အေးဆေးစွာလမ်းလျှောက်နေတဲ့ ရမ်ကျွင့်အား ကားတင်ပြေးသွားခဲ့သည် ။
ကားထဲက ရမ်ကျွင့် မှာအော်ဟစ်သောင်းကျန်းသော်လည်း မေ့ဆေးနဲ့ထိတွေ့ရတဲ့အခါ အမှောင်အတိကျ၍ ထိုကားနဲ့ လိုက်ပါသွားခဲ့ရတော့တယ် ။
YOU ARE READING
One Of Us! [NoRen]
FanfictionNoRen fanfic Burmese language Both Unicode & Zawgyi cover by @pintie