180° | Prologue |

3.3K 286 43
                                    

//Scroll Down for Zawgyi//

[UNICODE]

"ငါတို့ကွာရှင်းရအောင်...ရိပေါ်"

ဒီစကားက ရှောင်းကျန့်ရဲ့ဘဝမှာ
အမုန်းဆုံးနဲ့မကြားချင်ဆုံးစကားပဲ။

ဒါပေမဲ့ ဒီနေ့မှာတော့ သူကအရင်စပြီး
အဲ့စကားကိုပြောထွက်ခဲ့တယ်...

သူ့အရှေ့မှာထိုင်နေတဲ့ သူရဲ့အမျိုးသားကတော့ နားမလည်နိုင်တဲ့
မျက်ဝန်းတွေနဲ့ သူကိုငေးတယ်။

မသိရင် ရှောင်းကျန့်ကပဲသူ့အပေါ်အရမ်းမတရားတဲ့ လုပ်ရပ်ကြီးတစ်ခုကိုလုပ်ထားမိသလိုမျိုး

ရှောင်းကျန့်ကပဲအပြစ်ကြီးတစ်ခုကိုသူ့အပေါ်ကျူးလွန်မိထားသလိုမျိုး...

မင်းဟန်ဆောင်အရမ်းကောင်းပါလား... ဝမ်ရိပေါ်ရယ်

"ကျွန်‌ေတာ်တောင်းပန်ပါတယ်..."

"ဘာလို့လဲ? ဘာလို့မင်းကငါကိုတောင်းပန်နေရတာလဲ?"

"..."

သူ့မေးခွန်းကို ပြန်မဖြေဘဲ ခေါင်းကိုငုံ့ချလိုက်တဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်
ခါးသက်သက်နဲ့ရယ်မောလိုက်တယ်

"မင်းမသိဘူးမလား တောင်းပန်ပါတယ်ဆိုတဲ့စကားကိုမင်းပါးစပ်ကနေပြောနေပေမဲ့ ဘာကြောင့်မှန်းကိုမင်းမသိဘူးမလား

ငါတို့ဘာလို့အခုလိုကွာရှင်းရတဲ့အကြောင်းအရင်းကိုရော
မင်းမသိဘူးမလား?"

"ကျွန်တော်..."

"မင်းမသိဘူးမလား?"

"အစ်ကိုရယ်
ထပ်ပြီးပြဿနာမရှာပါနဲ့တော့"

ထပ်ပြီး...ထပ်ပြီးတော့ သူကို
ဘာမှနားမလည်တဲ့လူတစ်ယောက်လိုမျိုး စောက်ရူးဇာတ်သွင်းနေပြန်ပြီ။

"ဟင့်အင်း... ငါ ဒီစကားကိုပြောထွက်ဖို့ အချိန်အကြာကြီးယူခဲ့ရတာ ရိပေါ်

ငါသိပ်မုန်းတဲ့စကားကိုအထပ်ထပ်အခါခါ ပြောရအောင်မလုပ်ပါနဲ့"

ရှောင်းကျန့်ရဲ့ပေါင်ပေါ်မှာတင်ထားတဲ့လက်တွေက တဆတ်ဆတ်တုန်ယင်နေတယ်

သူ ရိပေါ်ရဲ့မျက်နှာကိုမကြည့်ရဲဘူး။

သူထပ်ပြီး တူညီတဲ့အမှားမျိုးကိုထပ်ခါ ထပ်ခါလုပ်ပြီး မနာကျင်ချင်တော့ဘူး။

180 Degrees [Completed]Where stories live. Discover now