180° | 4 |

932 100 5
                                    

// Scroll Down for ZAWGYI //

[UNICODE]

// ဝမ်ရိပေါ် အိမ်ပြန်မလာတာဆယ်ရက်မြောက်နေ့... //

ဒိုင်ယာရီ စာအုပ်လေးထဲမှာဒီစာကြောင်းကိုရေးပြီး
အဖုံးပြန်ပိတ်လိုက်တယ်။

ရှောင်းကျန့် ဘာဆက်ရေးရမလဲ
မသိတော့ဘူး

ဝမ်ရိပေါ် မရှိတဲ့ ရှောင်းကျန့်ရဲ့
နေ့ရက်တွေဟာ ရိုးရှင်းပါတယ်။

မနက်ခင်းမှာနိုးထလာပြီးရင်အသက်ရှုတယ်

ရိပေါ်အကြောင်းတွေးတယ်

ပြီးရင် ရိပေါ်ကိုသတိရရင်းနဲ့ပဲ
ရှောင်းကျန့်ရဲ့ တစ်နေ့တာဟာ
အလိုလို ကုန်ဆုံးသွားတယ်..။

အဲ့လိုမျိုးထပ်တူညီတဲ့အကြောင်းအရာတွေနဲ့ ထပ်တလဲလဲဖြစ်နေတဲ့နေ့တွေ
ဒီနေ့နဲ့ဆို ဆယ်ရက်တိတိရှိခဲ့ပြီ

ရှောင်းကျန့် သူရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေထဲကိုလက်ချောင်းတွေထိုးထည့်လိုက်တယ်..

ဝမ်ရိပေါ် ဘာလို့ အခုထိ
ပြန်မလာသေးတာလဲ...

အရင်တုန်းကလည်း အမြဲတမ်း အိမ်မှာ
ရှိနေခဲ့တာမျိုး မဟုတ်ပေမဲ့ရိပေါ် အိမ်မှာမရှိတိုင်း အပြင်သွားရတဲ့အကြောင်းပြချက်က ရှိတယ်။

ဥပမာ အလုပ်ကိစ္စ ဘာညာပေါ့

အခုက အဲ့လို မဟုတ်ဘူး

ရိပေါ်က ဘာအကြောင်းမှမပြောဘဲ
ထွက်သွားခဲ့တာ

သူကို ထားသွားခဲ့တာ ..

အဲ့နေ့က သူနဲ့ ရိပေါ်
ပြဿနာတက်ခဲ့ကြတယ်ဆိုပေမဲ့
ဒီလောက်ထိ သူကို ပစ်ထားရက်လိမ့်မယ်လို့ သူမထင်ခဲ့ဘူး။

ရိပေါ်ဘက်ကကျောခိုင်းခြင်းတွေများလာလေ
သူ တဖြည်းဖြည်း ကြောက်ရွံတုန်လှုပ်လာလေပဲ

တစ်နေ့မှာများရိပေါ်က
သူဆီပြန်မလာတော့ရင်...

တစ်နေ့မှာများ ရိပေါ်က
သူကိုစွန့်ပစ်သွားနိုင်ခဲ့ရင်

တစ်နေ့မှာများ ရိပေါ်က
သူကိုမလိုချင်တော့ရင်..

အဲ့ဒီအတွေးတွေက သူ့နှလုံးသားထဲထိ
ကျဉ်စူးသွားစေတယ်။

180 Degrees [Completed]Where stories live. Discover now