// Scroll Down for ZAWGYI //
[UNICODE]
မှောင်မဲနေတဲ့ အခန်းတစ်ခန်းထဲမှာ
ရှောင်းကျန့် ပန်းချီကားတစ်ချပ်ကို
ထိုင်ဆွဲနေခဲ့တယ်...သူ့လက်နဲ့ ဆွဲတဲ့ပန်းချီကားက သူ့စိတ်ခံစားချက်နဲ့တိုက်ရိုက်အချိုးကျတယ်..
ပန်းချီကားတစ်ခုလုံး အုံ့မှိုင်းလို့
လူနှစ်ယောက်ပုံကို ခပ်ရေးရေးဆွဲထားပြီး အဲ့လူနှစ်ယောက်က ကျောချင်းပေးပြီးယှဉ်ရပ်နေတယ်..ဘယ်သူကအရင်စပြီးတော့ ခြေတစ်လှမ်းစလှမ်းမလဲဆိုတာစောင့်နေကြသလိုမျိူး..
ဒီနေ့နဲ့ဆို ဝမ်ရိပေါ် အိမ်ပြန်မလာတာသုံးရက်ရှိပြီ။
အလုပ်ကိစ္စခရီးထွက်ရတာပါဆိုတဲ့ အကြောင်းပြချက်ကိုပဲထပ်တလဲလဲ
ကြားနေရတဲ့ အချိန်မှာသူဒီစကားတွေကိုသဘောမကျချင်တော့ဘူးအေးစက်သွားတဲ့ကော်ဖီတွေ...
ခြောက်ကပ်နေတဲ့နှစ်ယောက်အိပ်ကုတင်..
တိတ်ဆိတ်နေတဲ့ အိမ်ကြီး..ဘယ်အရာကမှ သဘောကျချင်စရာမကောင်းဘူး
ဒါပေမဲ့အဲ့လိုတွေ ဖြစ်အောင်ဖန်တီးနေတဲ့
ဝမ်ရိပေါ်ကိုတော့ သူသဘောကျနေတုန်းပဲတိတ်ဆိတ်ခြောက်ကပ်ခြင်းတွေကို
သူမုန်းတီးလိုက်လေခြင်းဝမ်ရိပေါ် မင်းပြန်လာပါတော့ အောက်ကျခံပြီးသူ့ဘက်ကအရင်စခေါ်ရမှာမျိုး သူမလုပ်ချင်ဘူး မုန်းတယ်
ဘယ်လောက်တောင်မှ
မာနထိခိုက်လိုက်သလဲသူက ဝမ်ရိပေါ် ပြန်လာတာကိုပဲ အဆင်သင့်စောင့်နေချင်တာ
သူ့ဘက်ကနေ ပြန်လာပါ"လို့ပြောမှ ပြန်လာမဲ့ဝမ်ရိပေါ်ကို သူမလိုချင်ဘူး
စိတ်ရှုပ်လိုက်တာ ဘာလို့ ရိပေါ်ကအခုထိပြန်မလာသေးတာလဲ
သူနဲ့ မနေချင်လို့လား
သူနဲ့ ကွာရှင်းချင်နေပြီလား
သူကို မချစ်တော့ဘူးလား
ရိပေါ်နဲ့ ပတ်သက်လို့ စချစ်ခဲ့ရတဲ့နေ့က
စပြီးလက်ထပ်ပြီးသွားတာတောင်
သူမှာ စိတ်မလုံခြုံမှုတွေကအချိန်တိုင်းပြည့်နှက်နေဆဲ
YOU ARE READING
180 Degrees [Completed]
Fanfictionခင်ဗျား ကျွန်တော်ကိုသိပ်ချစ်တာ ကျွန်တော်သိတယ် ဒါပေမဲ့အဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ကျွန်တော်တို့နှစ်ယောက်အဆုံးထိ အတူတူရှိသွားဖို့ဆိုတာမဖြစ်နိုင်ဘူးလေ... [This is just Fanfiction of Wang Yibo and Xiao Zhan and I have no exact role for this fiction s...