ရိပေါ်ရဲ့အဖေ ဆေးရုံတက်ဖို့အတွက်
သူကပဲအစအဆုံးစီစဉ်ပေးခဲ့တယ်သူ ဆေးရုံကိုတစ်ခေါက်လောက်
သွားကြည့်လိုက်တယ်။အိမ်ပြန်မလာတဲ့ ရိပေါ်ကို ဆေးရုံမှာဖြစ်ဖြစ် မြင်ရမလားဆိုတဲ့မျှော်လင့်ချက်နဲ့ပါ...
ရိပေါ်ကို သူအများကြီးသတိရနေပါတယ်
ရိပေါ်ကသူမရှိဘဲနေနိုင်တယ်ဆိုရင်တောင်သူကတော့မနေနိုင်ပါဘူး
ဆေးရုံခန်းထဲရောက်တော့..ရိပေါ်ရဲ့မိသားစုဝင်တချို့ကလွဲပြီးရိပေါ်နဲ့တူတဲ့အရိပ်အယောင်တစ်ခုလေးတောင်မှ
မတွေ့ဘူးသူ တံခါးကနေချက်ချင်း လှည့်ပြန်သွားချင်တယ်
သူ ရိပေါ်ကလွဲပြီး တခြားဘယ်သူနဲ့မှ
မျက်နှာချင်းမဆိုင်ချင်ဘူးရိပေါ်ကလွဲရင်ကျန်တာအကုန်သူ့အတွက်
အတုအယောင်တွေချည်းပဲသူကို မြင်တော့ ရုတ်တရက်အံဩသွားတဲ့မျက်လုံးတွေကချက်ချင်းပဲငွေထုပ်ကြီးကိုမြင်လိုက်ရသလိုမျိုးအရောင်တလက်လက်ဖြစ်သွားတယ်..
ရိပေါ်ရဲ့ ညီမဖြစ်သူကတော့ နှာခေါင်းရှုံ့လို့ သူကို မမြင်လိုက်သလိုမျိုးဟန်ဆောင်ပြီးသိသိသာသာ လျစ်လျုရှုပစ်လိုက်ရင်းနဲ့သူခန္ဒာကိုယ်ကို တွန်းတိုက်ပြီးထွက်သွားတယ်
သူနဲ့ ရိပေါ် လက်ထပ်တုန်းက သူကိုမျိုးစုံ အပုတ်ချခဲ့တဲ့ ရိပေါ်ရဲ့ညီမကို
သူကလည်း ဘယ်လိုမှ မကြည်ဖြူပါ..ဒါပေမဲ့ ရိပေါ်ရဲ့ အမေကတော့သူရောက်လာတော့သူ့လက်ကိုကိုင်ရင်း စိတ်ထဲကမပါတဲ့ဟန်ဆောင်ပန်ဆောင်စကားတွေကို တရစပ်ပြောတော့တာပဲ။
"သား ရောက်လာပြီလား..
အန်တီတို့ လိုအပ်တိုင်းအမြဲတမ်း
ကူညီပေးတဲ့အတွက်
ကျေးဇူးအများကြီးတင်ပါတယ်ဒါနဲ့ ရိပေါ်ရော သားနဲ့အတူတူ
လိုက်မလာဘူးလား""ဟုတ် .. သူ ဆေးရုံကိုမလာဘူးလား"
ကိုယ့်အမျိုးသားရဲ့အကြောင်းကို
သူများဆီမှာပြန်မေးနေရတဲ့
အဖြစ်ကရယ်စရာပဲ
YOU ARE READING
180 Degrees [Completed]
Fanfictionခင်ဗျား ကျွန်တော်ကိုသိပ်ချစ်တာ ကျွန်တော်သိတယ် ဒါပေမဲ့အဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ကျွန်တော်တို့နှစ်ယောက်အဆုံးထိ အတူတူရှိသွားဖို့ဆိုတာမဖြစ်နိုင်ဘူးလေ... [This is just Fanfiction of Wang Yibo and Xiao Zhan and I have no exact role for this fiction s...