180° | Final |

1.7K 90 20
                                    

// Scroll Down for ZAWGYI //

[UNICODE]

ဝမ်ရိပေါ်ကတော့ အရက်မူးပြီးအိပ်ပျော်သွားခဲ့ပေမဲ့ အိပ်မပျော်နိုင်သူကတော့ရှောင်းကျန့်ပါပဲ။

ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ရိပေါ်ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတန်းလေးကို
ရှောင်းကျန့် လက်ချောင်းလေးတွေနဲ့ဖွဖွလေး ဖိနှိပ်ပေးလိုက်တယ်...

အိမ်မက်ထဲမှာတောင် ဘာတွေများအလိုမကျဖြစ်နေရသလဲ ကိုယ့်ရိပေါ်ရယ်..

ရိပေါ်က အိပ်မပျော်သေးခင်အချိန်ကရှောင်းကျန့်ကိုပြောတယ်...

သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးကဘယ်လောက်တောင်စိတ်ပျက်စရာကောင်းနေလဲဆိုတဲ့အကြောင်း...

ရှောင်းကျန့်ကြောင့် သူဘယ်လောက်တောင်မွန်းကြပ်နေရပါတယ်ဆိုတဲ့အကြောင်း...

ပြီးတော့ ရိပေါ်ကထပ်ပြောသေးတယ်

သူ သိပ်ကို ပင်ပန်းနေပြီတဲ့
အရာအားလုံးကိုလက်လျှော့ပစ်လိုက်ချင်တယ်တဲ့

မပေါက်ဖွားလာသင့်တဲ့အချစ်တစ်ခုကို
သူကိုယ်တိုင်ပျိုးထောင်မိခဲ့တဲ့အတွက်နောင်တရတယ်ဆိုတာရော
တစ်လျှောက်လုံးရင်ထဲမှာသိမ်းထားခဲ့ရသမျှအကြောင်းအရာတွေအကုန်လုံးကိုဖွင့်ဟပြောလာခဲ့တယ်

ရှောင်းကျန့်ကတော့ရိပေါ်ပြောတဲ့စကားတွေကြောင့်တိတ်တဆိတ်မျက်ရည်ဝဲရတာပါပဲ

သူ ဘာတွေများ မှားသွားခဲ့တာလဲ

သူတို့နှစ်ယောက် အိမ်ထောင်ရေးကဘယ်အချိန်တည်းက အခုလောက်ထိဆိုးရွား စုတ်ပြတ်သပ်သွားခဲ့တာလဲဆိုတာ
သူထပ်မတွေးချင်တော့ဘူး။

သူဘယ်လောက်ပဲ အတ္တကြီးတယ်ပြောပြော ရိပေါ်နဲ့ပတ်သက်လာရင်တော့
သူ့အတ္တအစိုင်အခဲတွေကိုလည်းလွှတ်ချခဲ့ရတော့မှာပေါ့...

ဘာကြောင့်လဲဆိုရင်ရိပေါ်ကိုတကယ်ချစ်တာမို့
ရိပေါ် ပျော်ရွှင်ရဖို့ကိုပဲသူကမျှော်လင့်တာမို့...

ရိပေါ်က ပြောခဲ့သမျှအကုန်နောက်တစ်နေ့မနက်ရောက်ရင်မေ့သွားမှာဆိုပေမဲ့
သူကတော့ ဘယ်လိုမှ မေ့မရတော့ပါဘူး

180 Degrees [Completed]Where stories live. Discover now