180° | 2 |

1K 108 2
                                    

// Scroll Down for ZAWGYI //

ဘဝကြီးက အထပ်မြင့်အဆောက်အအုံတစ်ခုရဲ့အစွန်အဖျားမှာရပ်နေရသလိုမျိုး ရင်တလှပ်လှပ်နဲ့

တစ်ခါတစ်လေကျရင်လည်းဒီဘဝကြီးကိုမရှိရှိတဲ့အားနဲ့ကုပ်တွယ်ထားချင်ပေမဲ့လည်း

တစ်ခါတစ်လေကျပြန်ရင်လည်းမျက်လုံးစုံမှိတ်ပြီး ခုန်ချပစ်ချင်စရာကောင်းလိုက်တာ

မနေ့ကဝမ်ရိပေါ်အိမ်ကိုပြန်ရောက်လာခဲ့ပေမဲ့
သူရဲ့အထီးကျန်ခြင်းတွေကတော့ပျောက်ကွယ်မသွားဘူး..

ဒီအိမ်ထဲမှာ နွေးထွေးခြင်းတွေမရှိဘူး။
ပျော်ရွှင်ခြင်းတွေမရှိဘူး

တိတ်ဆိတ်ခြင်းတွေအပြည့်နဲ့
ငြိမ်သက်လို့...

အိမ်ဆိုတာလူတစ်ယောက်အဖြစ်သတ်မှတ်ရမယ်ဆိုရင်ဝမ်ရိပေါ်ကသူရဲ့ပထမဆုံးအိမ်ဖြစ်ခဲ့တဲ့သူပဲ

ဟုတ်တယ် မမှားဘူး
ဝမ်ရိပေါ်ကသူ့အတွက် ပထမဆုံးအိမ်...

သူငယ်ငယ်က မကောင်းတဲ့မှတ်ဉာဏ်တွေစိတ်ဒဏ်ရာအပြည့်နဲ့ နာကျင်စရာ
အတိတ်တွေနဲ့ချည်းပြည့်နှက်နေတဲ့
နေရာကိုသူအိမ်လို့မသတ်မှတ်ချင်ဘူး။

ဝမ်ရိပေါ်နဲ့တွေ့ခဲ့တဲ့အချိန်မှာ
သူထင်ခဲ့တယ်

ဝမ်ရိပေါ်ကသူ့အတွက်အိမ်လိုလူမျိုးပဲ

ဘယ်အချိန်မှာပဲဖြစ်ဖြစ်သူကို
အမြဲတမ်းနွေးထွေးပြီးပျော်ရွှင်စေတဲ့သူ

နာကျင်စရာအတိတ်တွေထဲမှာနစ်မြုပ်ရင်းမွန်းကြပ်နေတဲ့သူကိုဆွဲထုတ်ပေးနိုင်တဲ့သူ

ဝမ်ရိပေါ်ကတကယ်ပဲ
အဲ့လိုလူမျိုးဖြစ်ခဲ့တယ်

ချစ်ပါတယ်လို့ တတွတ်တွတ်မပြောတတ်ပေမဲ့ သူငိုနေချိန်တိုင်း
ဝမ်ရိပေါ်ရဲ့ပခုံးတစ်ဖက်ကသူ့နားမှာအမြဲတမ်းရှိနေခဲ့တယ်

နှစ်ယောက်ထဲကတစ်ယောက်သေရမယ်ဆိုရင်တောင် ဝမ်ရိပေါ်ကသူကို
အသက်ကယ်ဆေးပေးပြီးရှင်သန်‌ခိုင်းမဲ့သူမျိုး

ဝမ်ရိပေါ်ရဲ့အချစ်တွေကို
သူကောင်းကောင်းခံစားမိပါတယ်။

180 Degrees [Completed]Where stories live. Discover now