Prologue

33 2 0
                                    

လူသားတွေက ကမ္ဘာလောကကြီးကို အမည်အမျိုးမျိုးနဲ့ ပုံဖော်ကြတယ်။

တချို့က ပြောကြတယ် သဘာဝတရားကြီးက အေးချမ်းပြီးလှပတယ်တဲ့
တချို့ကတော့ ရက်စက်ပြီးမာယာများပါတယ်တဲ့။

ဒါပေမယ့် သူကတော့ ဒီလိုပြောပါတယ်
      🔺သေသူတွေနဲ့ပြည့်နေတဲ့ သင်္ချိုင်းပျက်ကြီး🔺
သူ့ကိုအဖော်ပြုနေတဲ့ သေခြင်းတရားကြောင့် လူတိုင်းက သူ့ကို မကောင်းဆိုးဝါး လို ဆက်ဆံကြတယ်
အဲ့ဒါကြောင့် သူဟာ အမြဲကြောက်လန့်နေခဲ့တယ်
လူတွေနဲ့ဝေးရာမှာ သူနေတယ်
တစ်စတစ်စနဲ့ သူ့ရဲ့နှလုံးသားဟာလည်း အေးစက်ခဲ့ရတယ်
ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်ကိုလည်း နားမလည်ခဲ့ဘူး

💮💮💮💮💮💮💮💮

ဤကမ္ဘာလောကကြီးက အရမ်းထူးဆန်းပြီးလှပမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကြီးတစ်ခုပါ
ဒါပေမယ့် အဲ့ဒီ့ဆန်းကြယ်မှုတွေကို အလုံးစုံမြင်ဖို့ရာ ကံကြမ္မာက သူ့ကို မျက်နှာသာမပေးခဲ့ပါဘူး
လူ့လောကကို စရောက်တဲ့အချိန်ကစလို့ သေမင်းနဲ့အမြဲစစ်ခင်းနေရတဲ့ သူ့ရဲ့ဘဝ

ဒါပေမယ့် သူဟာ အရှုံးပေးလိုက်ဖို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့ပါဘူး
သူ့ဘဝကိုသူ ကြိုးစားရုန်းကန်တယ် အသက်ရှင်ဖို့ ကြိုးစားတယ် ဘယ်လိုအခက်အခဲကိုပဲ ကြုံတွေ့နေပါစေ
သူစိတ်ဓါတ်မကျသွားဘူး အားမလျှော့လိုက်ဘူး

🌺🌺🌺🌺🌺🌺🌺🌺🌺🌺🌺

သေမင်းတမန်က သူ့အနားမှာ အမြဲရှိနေတာပဲ
အံ့ဩစရာပဲ သူက သေမင်းလက်ထဲကနေ ရှောင်ပြေးနေနိုင်တယ် သူဘယ်အချိန်ထိ ပြေးနိုင်နေမှာလဲ

သူက တကယ်မမြင်ရတာလား ဟန်ဆောင်နေတာလား
အဲ့ဒါကို ဂရုစိုက်မနေနိုင်ဘူး ငါအသက်ရှင်ဖို့ အရေးကြီးတယ် မင်းအနားမှာ ရှိနေရင်
ဝေဒနာ တစ်ဝက်သက်သာတယ်
စိတ်မရှိပါနဲ့
ခဏလောက် မင်းကို ဖက်တွယ်ထားပါရစေ

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

ကိုယ့်ရဲ့မှောင်မိုက်နေတဲ့ ကမ္ဘာကြီးကို အလင်းပေးနေတဲ့
ကို့ရဲ့ကြယ်စင်လေး
သူများတွေအတွက်တော့ မှိန်ပြပြပိုးစုန်းကြူးလေးဆိုပေမယ့် ကို့အတွက်တော့ မင်းက အလင်းဆုံး တစ်ခုတည်းသော ကို့ရဲ့ကြယ်လေးပါပဲ

ကို့ရဲ့ကြယ်ကလေးWhere stories live. Discover now