ဇာတ်ကောင်မိတ်ဆက် ၂

30 2 0
                                    

သေဆုံးခြင်း

ငါ့ကို အမြဲခြောက်လန့်နေတဲ့ အရာ
ကြီးကျယ်ခမ်းနားတဲ့ နာမည်ကြီးအိမ်တော်ရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူ

သိတတ်စအရွယ်တည်းက အမြင်အာရုံ ချို့တဲ့နေတယ်။
ငါ့မျက်လုံးကို ကုသပေးနိုင်တယ်လို့ ပြောလာတဲ့သူတွေ အများအပြား ရှိတယ်
ဒါပေမယ့် သူတို့ မသိတာက ငါက တကယ့်အကန်းတစ်ယောက် မဟုတ်ဘူး
ကန်းချင်ယောင်ဆောင်နေခဲ့တာ

ငါမြင်သမျှအရာအားလုံးက အနီရောင် အမည်းရောင်
ထူးထူးဆန်းဆန်းလူကြီးတွေ

ဒီကလေးက ကျိန်စာသင့်နေတာပဲ
သူ့အနားက လူတိုင်းကို ဝါးမျိုလိုက်မှာ
မကောင်းဆိုးဝါးလေး ဂြိုလ်ဆိုးလေးလို့ ပြောကြတယ်

နောက်ကွယ်မှာ မျိုးစုံရှုတ်ချနေပြီး ရှေ့တင်မှာတော့ မျက်နှာချိုသွေးပြီး ငါ့ကိုမြှောက်ပင့်ကြတယ်။

ငါကတော့ ဒါတွေကို ဂရုမစိုက်နိုင်ဘူး။
ငါ့မှာ ငွေရှိတယ် လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်မှုတွေလည်းရှိတယ်
ငါ့ကို အရမ်းချစ်တဲ့ ညီမလေးလည်း ရှိတယ်။
ဒီလောက်နဲ့တင် ငါ့အတွက် ပြည့်စုံပြီ။

တခြားဘယ်သူ့ကိုမှ ငါစိတ်မဝင်စားဘူး။
ဘာသံယောဇဉ်မှ အချည်နှောင်မခံဘူး။
ငါ့ဘဝထဲ ဝင်လာဖို့ကြိုးစားသူတိုင်းကို အကုန်မောင်းထုတ်ပစ်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် သူတို့အားလုံးက အချိန်တန်ရင် သေကြရမှာပဲ
ငါမြင်နေရတယ် သူတို့ရဲ့သေခြင်းကို ......

ရှိန်မိုးမခ

12/10/2021
Tuesday

Zaw Gyi

သေဆုံးခြင်း









ရှိန်မိုးမခ

12/10/2021
Tuesday

ကို့ရဲ့ကြယ်ကလေးWhere stories live. Discover now