ဇာတ်ကောင် မိတ်ဆက်

29 2 0
                                    

နောက်ကျခြင်း

ကျွန်တော့်ဘဝမှာ နောက်ကျခြင်း ဆိုတာက အရေးပါတဲ့ စကားလုံးပဲ
ဘာကြောင့် ဒီစကားလုံးက အရေးပါရတာလဲ
ဒါကတော့ ရှင်းပါတယ်
ကျွန်တော် ဘာလုပ်လုပ် ဘယ်သွားသွား အမြဲနောက်ကျတယ်။

ကျောင်းနေအရွယ်တုန်းက တစ်ပတ်မှာ ၄ရက်လောက် ကျောင်းနောက်ကျတယ်
ကျန်တဲ့၁ရက်က နေမကောင်းလို့ ကျောင်းမသွားတဲ့ရက်။

ကောလိပ်ရောက်ပြန်တော့လည်း ကိုကြိုက်နေတဲ့ ကောင်မလေးကို proposeဖို့ နောက်ကျတယ်။
ကျွန်တော် အပျင်းကြီး ရေသာခိုလို့တော့ မဟုတ်ဘူးနော်
အချိန်မီအောင် ဘယ်လောက်ပဲ ကြိုးစားကြိုးစား
ကံတရားကမှ ကျွန်တော့်ဘက်မှာ မရှိတာ။

ဘယ်လောက်တောင် ကံဆိုးသလဲဆိုရင် ကျွန်တော်က မွေးရာပါနှလုံးရောဂါသည် ဖြစ်နေသေးတယ်
မွေးကင်းစအရွယ်မှာတည်းက သေမလိုဖြစ်တာ အခါခါ
နှလုံးအစားထိုးဖို့ ငွေအလုံအလောက်ရှိလည်း ကျွန်တော် နဲ့ကိုက်ညီတဲ့ အလှူရှင်က မရှိ။

မိဘဘိုးဘွား အမွေကြောင့် အရမ်းမချမ်းသာပေမယ့်လည်း ဘာအလုပ်မှမလုပ်ဘဲ တစ်သက်လုံး ထိုင်စားလို့ရတယ် မိဘမဲ့တစ်ကောင်ကြွက် ကျွန်တော့်ကို ဆွေမျိုးတွေကလည်း အမြင်မကြည်ကြ။
တစ်ဝမ်းကွဲဦးလေး အဒေါ် မိသားစုဆွေမျိုး ရှိတာတောင်
ကျွန်တော့်လို မောင်ကံဆိုးကို ဘယ်သူကမှ မခေါ်မပြောချင်ကြဘူး

တော်သေးတာက မေမေ့မောင်အငယ်ဆုံး ဦးလေးငယ်က ကျွန်တော့်ကို ဂရုစိုက်ပေးတယ်။
ဒါပေမယ့် သူကလည်း နိုင်ငံရပ်ခြားမှာ ပညာသင်နေရတာလေ အချိန်ပြည့်တော့ ကျွန်တော့်ကို ဂရုစိုက်မနေနိုင်ဘူး

အများက ကျွန်တော့်ကို လှောင်ပြောင်ကြတယ် ကဲ့ရဲ့ကြတယ်
ဒါပေမယ့် ကျွန်တော် အရှုံးမပေး လက်မလျှော့ပါဘူး
ကျွန်တော့်ဘဝကို ကြိုးစားရှေ့ဆက်တယ်
တတ်နိုင်သလောက် ကြာကြာအသက်ရှင်နိုင်အောင်လို့ပေါ့

ကမ္ဘာကြီးရဲ့အလှအပတွေ အားလုံးကို ခံစားပြီးပြီဆိုမှ ကျွန်တော် စိတ်ချလက်ချနဲ့သွားမယ်
နောင်တတွေနဲ့တော့ ထွက်မသွားချင်ဘူး

                     နောင်စစ်မင်း

12/10/2021
Tuesday

Zaw Gyi

ေနာက္က်ျခင္း

ကြၽန္ေတာ့္ဘဝမွာ ေနာက္က်ျခင္း ဆိုတာက အေရးပါတဲ့ စကားလုံးပဲ
ဘာေၾကာင့္ ဒီစကားလုံးက အေရးပါရတာလဲ
ဒါကေတာ့ ရွင္းပါတယ္
ကြၽန္ေတာ္ ဘာလုပ္လုပ္ ဘယ္သြားသြား အၿမဲေနာက္က်တယ္။

ေက်ာင္းေနအ႐ြယ္တုန္းက တစ္ပတ္မွာ ၄ရက္ေလာက္ ေက်ာင္းေနာက္က်တယ္
က်န္တဲ့၁ရက္က ေနမေကာင္းလို႔ ေက်ာင္းမသြားတဲ့ရက္။

ေကာလိပ္ေရာက္ျပန္ေတာ့လည္း ကိုႀကိဳက္ေနတဲ့ ေကာင္မေလးကို proposeဖို႔ ေနာက္က်တယ္။
ကြၽန္ေတာ္ အပ်င္းႀကီး ေရသာခိုလို႔ေတာ့ မဟုတ္ဘူးေနာ္
အခ်ိန္မီေအာင္ ဘယ္ေလာက္ပဲ ႀကိဳးစားႀကိဳးစား
ကံတရားကမွ ကြၽန္ေတာ့္ဘက္မွာ မရွိတာ။

ဘယ္ေလာက္ေတာင္ ကံဆိုးသလဲဆိုရင္ ကြၽန္ေတာ္က ေမြးရာပါႏွလုံးေရာဂါသည္ ျဖစ္ေနေသးတယ္
ေမြးကင္းစအ႐ြယ္မွာတည္းက ေသမလိုျဖစ္တာ အခါခါ
ႏွလုံးအစားထိုးဖို႔ ေငြအလုံအေလာက္ရွိလည္း ကြၽန္ေတာ္ နဲ႔ကိုက္ညီတဲ့ အလႉရွင္က မရွိ။

မိဘဘိုးဘြား အေမြေၾကာင့္ အရမ္းမခ်မ္းသာေပမယ့္လည္း ဘာအလုပ္မွမလုပ္ဘဲ တစ္သက္လုံး ထိုင္စားလို႔ရတယ္ မိဘမဲ့တစ္ေကာင္ႂကြက္ ကြၽန္ေတာ့္ကို ေဆြမ်ိဳးေတြကလည္း အျမင္မၾကည္ၾက။
တစ္ဝမ္းကြဲဦးေလး အေဒၚ မိသားစုေဆြမ်ိဳး ရွိတာေတာင္
ကြၽန္ေတာ့္လို ေမာင္ကံဆိုးကို ဘယ္သူကမွ မေခၚမေျပာခ်င္ၾကဘူး

ေတာ္ေသးတာက ေမေမ့ေမာင္အငယ္ဆုံး ဦးေလးငယ္က ကြၽန္ေတာ့္ကို ဂ႐ုစိုက္ေပးတယ္။
ဒါေပမယ့္ သူကလည္း ႏိုင္ငံရပ္ျခားမွာ ပညာသင္ေနရတာေလ အခ်ိန္ျပည့္ေတာ့ ကြၽန္ေတာ့္ကို ဂ႐ုစိုက္မေနႏိုင္ဘူး

အမ်ားက ေနာက္ကြယ္မွာ အတင္းေျပာၾကတယခ
ကြၽန္ေတာ့္ကို နာမည္အမ်ိဳးမ်ိဳး ေပးတယ္
စေနာက္ ေလွာင္ေျပာင္ၾကတယ္
ဒါေပမယ့္ ကြၽန္ေတာ္ အရႈံးမေပး လက္မေလွ်ာ့ပါဘူး
ကြၽန္ေတာ့္ဘဝကို ႀကိဳးစားေရွ႕ဆက္တယ္
တတ္ႏိုင္သေလာက္ ၾကာၾကာအသက္ရွင္ႏိုင္ေအာင္လို႔ေပါ့

ကမာၻႀကီးရဲ႕အလွအပေတြ အားလုံးကို ခံစားၿပီးၿပီဆိုမွ ကြၽန္ေတာ္ စိတ္ခ်လက္ခ်နဲ႔သြားမယ္
ေနာင္တေတြနဲ႔ေတာ့ ထြက္မသြားခ်င္ဘူး

                     ေနာင္စစ္မင္း

12/10/2021
Tuesday

ကို့ရဲ့ကြယ်ကလေးWhere stories live. Discover now