Intro

77 2 0
                                    

ထူးဆန်းလွန်းတဲ့ ကမ္ဘာလောကကြီးရဲ့အလှတရား
ဒါပေမယ့် အဲ့ဒီ့ သဘာဝတရားကြီးရဲ့ထူးခြားဆန်းကြယ်မှုကို ထိုလူသားက တစ်ကြိမ်တစ်ခါတောင်မှ မမြင်ဖူးခဲ့ပါဘူး
မှော်ဆန်လွန်းတဲ့ လူသားတို့ရဲ့ချစ်ခြင်းမေတ္တာကို မခံစားဖူးခဲ့သလို လက်မခံဖူးခဲ့ပါဘူး

သူ့ရဲ့နှလုံးသားဟာ မြောက်ဝင်ရိုးစွန်းလို အေးစက်နေတာကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သူ့ဘဝထဲကို ဝင်ရောက်ဖို့ ခွင့်မပြုခဲ့ပါဘူး
အဲ့ဒီလို သူ့ရဲ့နှလုံးသားကို နွေးထွေးမှုတွေပေးခဲ့တဲ့ မီးတောက်ငယ်လေး
သော့ခတ်ထားတဲ့ နှလုံးသားတံခါးကို ဖျက်ဆီးဝင်ရောက်လာတဲ့ ကျူးကျော်သူလေး
သေခြင်းတရားနဲ့ရင်ဆိုင်နေရပေမယ့် အရှုံးမပေးဘဲ ကြိုးစားတိုက်ခိုက်နေတဲ့ အာဂသတ္တိခဲလေး

ငါဟာ ကံကြမ္မာဆိုး နဲ့ မွေးလာတဲ့ လူတစ်ယောက်
မင်း ငါ့ကို ကြောက်သင့်တယ်

သေမင်းနဲ့တိုက်ခိုက်နေရတဲ့ ငါ့မှာ ကြောက်တာ ဘာမှမရှိဘူး
ဒါပေမယ့် အခု ငါကြောက်လာပြီ

ထွက်သွားသူ နဲ့ ကျန်ရစ်သူ မှာ
ဘယ်သူက ပိုနာကျင်ရမလဲ
မင်းကို တစ်ယောက်တည်းထားခဲ့ရမှာကို ငါစိတ်မချဘူး
အရင်လိုပဲ အေးစက်တဲ့ အိမ်တော်ကြီးမှာ တစ်ယောက်တည်း ဖြစ်နေမလား
မင်းအမှောင်ထုထဲမှာ နေနေမှာကို ငါကြောက်တယ်
ငါ့ကိုမေ့သွားမှာလည်း ကြောက်တယ်
မမေ့နိုင်မှာကိုလည်း ကြောက်တယ်

12/10/2021
Tuesday

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

Zaw Gyi





ဘယ်သူက ပိုနာကျင်ရမလဲ

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ကို့ရဲ့ကြယ်ကလေးWhere stories live. Discover now