အခန်း ၁ ပထမဆုံးတွေ့ဆုံမှု

34 1 0
                                    

အရာရာအားလုံးဟာ ပထမဆုံး တွေ့ဆုံမှုကနေ စတင်ခဲ့တာပါပဲ
တာထွက်တည်းက ကံဆိုးနေပြီဆိုရင်တော့ သေချာပါတယ်
မင်းရဲ့နောက်ဆက်တွဲ ကစားပွဲတစ်ခုလုံးဟာ ရှူံးနိမ့်ဖို့ သေချာသလောက်ရှိနေပါပြီ။
ဒါကြောင့် ဘယ်အရာဖြစ်ဖြစ် အစ တာထွက်က အရေးကြီးဆုံးပါပဲ

ဒါဆိုရင် ကျွန်တော်တို့ရဲ့စတင်တွေ့ဆုံခဲ့ချိန်ကရော ?
ကျွန်တော်တို့ဟာ မှားယွင်းတဲ့တွေ့ဆုံမှုတစ်ခုဖြစ်ခဲ့တာလား ?
အခုချိန်ထိ ကျွန်တော်သေချာမသိသေးပါဘူး
ကျွန်တော် နဲ့ သူ ဘယ်မှာစတွေ့ခဲ့တာပါလိမ့် ?
ကစားကွင်းလား ? ကားမှတ်တိုင်လား ?

မဟုတ်သေးပါဘူး
ကိုတို့စတွေ့ခဲ့တာ လေဆိပ်မှာလေ
အရူးလေး ဒါလေးတောင် မမှတ်မိဘူးလား

ဪ ဟုတ်တာပေါ့ လေဆိပ်မှာပဲ မေ့သွားလို့ပါ သူကလည်း စိတ်ကြီးပဲ
ဒါဆို ကျွန်တော်တို့ တာထွက်နေရာလေးကို ပြန်သွားကြည့်ကြမလား

သွားတာပေါ့ ....?

Myth City Airport

23: 00 PM
Thursday 12th.

အချိန်အားဖြင့် ည၁၁နာရီခန့် လေဆိပ်မှာ လူက မရှိသလောက်ပါပဲ
ခရီးသွားချိန်မဟုတ်တာကတစ်ကြောင်း ရာသီဥတုမကောင်းတာကတစ်ဖုံ လေဆိပ်မှာ လူသူကင်းရှင်းနေ၏။
12နာရီ လေယာဉ်ဖြစ်သည့်အတွက် အချိန်မီသေး၏။
နောင်စစ်မင်း ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် အချိန်မီရောက်လာခဲ့၏။

ဒီတစ်ခေါက် သူသွားရမယ့်နေရာက ဦးငယ်ရှ်ိနေတဲ့ အီတလီကိုပါပဲ။
ရှေ့၂ရက်က ဦးငယ်ဆီက ဖုန်းဝင်လာ၏။
အီတလီမှာ သူနဲ့ ကိုက်ညီတဲ့အလှူရှင် ရှိကြောင်း ဝမ်းသာအားရ သူ့ကိုအကြောင်းကြားလာ၏။ ထိုအလှူရှင်က နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်တာကြောင့် ၃ရက်အတွင်း အရောက်လာဖို့ သူ့ကို ပြောလာတယ်။

နောက်ဆုံးတော့ ကံကြမ္မာက သူ့ကိုမျက်နှာသာပေးလာပြီလား
သူ့မှာ ပျော်လို့မဆုံး ။
လေယာဉ်ထွက်မယ့်အချိန်ကို စောင့်နေရသည်မှာ တစ်သက်လောက်ကြာနေသလိုပင်။
စက္ကန့်လက်တံများကလည်း နှေးလွန်းနေ၏။

သီချင်းလေးနားထောင်လိုက် ဂိမ်းလေးဆော့လိုက်နဲ့ လေယာဉ်ထွက်မယ့်အချိန် မြန်မြန်ရောက်လာဖို့ နောင်စစ်မင်း ဆုတောင်းနေ၏။
စာအုပ်လေးဖွင့်လိုက် ပြန်ပိတ်လိုက် လမ်းထလျှောက်လိုက်နဲ့ သူ့မှာ အငြိမ်မနေနိုင်ပေ။

ကို့ရဲ့ကြယ်ကလေးWhere stories live. Discover now