ဒုတိယတစ်ခါက ဘယ်မှာတွေ့ကြတာလဲ
ဒုတိယတစ်ခါလား ......
အင်း ဒုတိယတစ်ခေါက် ထပ်တွေ့တော့ အရမ်းကို ရင်ခုန်ဖို့ကောင်းတာပဲ စိတ်လှုပ်ရှားစရာလည်းကောင်းတယ်ဘာလို့လဲ
ဘာလို့လဲဆိုတော့ ရင်ခုန်စိတ်လှုပ်ရှားရတယ်ဆိုတဲ့ ခံစားချက်မျိုးက ညဘက်မှာ ပိုခံစားရတယ်လေ
အို အဲ့တော့ ညဘက် ဘယ်အချိန်တွေ့ကြတာလဲ
New Year ည ၁၂နာရီလေ
အားလုံးက Happy New Year လို့ အော်နေကြတဲ့အချိန်မှာ သူ နဲ့ ကိုက ဘယ်လိုအော်နေရလဲသိလားအရမ်းသိချင်သွားပြီ အသေးစိတ်လေးပြောပြပါဦး
အဲ့လို လေယာဉ်ပျက်ကျပြီး တစ်လလောက်ကြာတော့ ကျွန်တော်လည်း အဲ့ဒီ့လူထူးဆန်းအကြောင်းကို မေ့သွားတယ်
လူထူးဆန်း အခု ကို့ကို လူထူးဆန်းလို့ခေါ်လိုက်တာလား
မဟုတ်ပါဘူး စကားအထအန ကောက်ပြန်ပြီ တကယ်ပါပဲ ကျွန်တော် ပြောတာ ဆုံးအောင် နားထောင်ဦးလေဗျာ
ဟုတ်ပါပြီ ဟုတ်ပါပြီ စိတ်မဆိုးပါနဲ့ ဆက်ပြော ဆက်ပြော
ကျွန်တော့်ဦးငယ်က အီတလီကနေ ပြန်ရောက်လာတယ်လေ
New Year ညကို တူလေးနဲ့ အတူတူပျော်ချင်လို့တဲ့ဗျာ⏲ 3AM ⏲
ခေါင်းမိုးပေါ်ကို တဖြောက်ဖြောက်ကျနေသည့် နှင်းစက်များ
နှင်းကျသံက သူ့ကို ချော့သိပ်နေ၏။
တစ်ကိုယ်လုံးကို စောင်နဲ့ထုတ်ထားသည်မှာ မျက်နှာလေးပဲပေါ်၏။ရှပ် ... ရှပ် ရှပ် နှင့် ခြေသံ
အအိပ်မက်လှသော နောင်စစ်မင်း ထူးထူးခြားခြား ထိုခြေသံကို ကြားလိုက်ပြီး နိုးလာခဲ့သည်။
ပုံမှန်ဆိုရင် နှိုးစက်မြည်တောင် မနိုးတဲ့သူက ဒီခြေသံလိုလို လေတိုးသံလိုလို ဘာမှန်းမသိရတဲ့ အသံကို ကြားပြီး နိုးလာတယ်လားသရဲတစ္ဆေ နာနာဘာဝ ဆိုသည့် ပရလောကသားတွေကို ကြောက်သည်တော့ မဟုတ်ပေမယ့် စပ်စုတတ်တဲ့ထဲမှာ နောင်စစ်မင်း မပါခဲ့ပါဘူး စိတ်လည်း မဝင်စားပါဘူး။
သူလည်း သူ့နေရာမှာသူနေ ကိုလည်းကို့နေရာကိုနေ
တစ်ဦးနဲ့တစ်ဦး အနှောင့်အယှက် မပေးကြတာ အကောင်းဆုံးလို့ သူက မှတ်ယူထားတယ်

YOU ARE READING
ကို့ရဲ့ကြယ်ကလေး
Romansaအေးစက်နေခဲ့တဲ့ သူ့ရဲ့နှလုံးသားဆီကို တိုးဝင်လာခဲ့တဲ့ မီးတောက်ငယ်လေး သော့ခတ်ထားတဲ့ နှလုံးသားတံခါးကို ဖျက်ဆီးဝင်ရောက်လာတဲ့ ကျူးကျော်သူလေး သေခြင်းတရားက သူ့ကိုတိုက်ခိုက်နေပေမယ့် အရှုံးမပေးဘဲ ရှေ့ဆက်သွားနေတဲ့ အာဂသတ္တိခဲလေး ထွက်သွားသူ နဲ့ ကျန်ရစ်သူ မှာ ဘယ...