[မှတ်ညဏ်ကူးပြောင်းခြင်းပြီးပါပြီ။Missionတွေ အောင်မြင်ပါစေhost..လိုအပ်ရင်ခေါ်လိုက်ပါ]
System၏အသံဆုံးသည်နှင့် အစီအရီရောက်လာသော မှတ်ညဏ်များကိုမျက်လုံးမှိတ်ကာ ခံယူလိုက်သည်။ မှတ်ညဏ်တွေကို သေချာဖတ်ပြီး ခဏကြာတော့ မျက်လုံးပြန်ဖွင့်ကာ ဘေးတွင် ပေါ်လာသော Missionများကို ကြည့်လိုက်သည်။
{Mission များ
1.အယ်ဗလင်းကိုတတ်နိုင်သမျှအချိန် မဖြုံးမိစေ
ရန်၊ ဇတ်ဆောင်နှင့်စောစောတွေ့စေရန်(500)2.သူမကိုနောက်ထပ်မချစ်မိစေရန်နှင့် နောင်တရစေ
ရန်(ကိုယ်ထိလက်ရောက်မကျူးလွန်ဘဲ)(400)3.သူ၏မိသားစုကိုကယ်တင်ရန်နှင့် ပျော်ပျော်ရွင်ရွင်
နေနိုင်ရန်(800)}နေသန်Missionတွေကိုကြည့်ပြီးsystem ကိုမေးလိုက်သည်
"အခုအယ်ဗလင်းအဲ့ကောင်ကိုလိုက်နေတာ ဘယ်နှစ်နှစ်ရှိပြီလဲ"
[၂နှစ်ပါ ပညာတော်သင်လည်းလွတ်သွားပါပြီ]
"အို....တော်တော်နောက်ကျနေပြီဘဲ"
သူအခုရောက်နေတာက ကျောင်းခန်းတစ်ခုထဲမှာ မှတ်ညဏ်ထဲမှာ အခုနေရာကိုရှာကြည့်ပေမယ့် မတွေ့။သူအတန်းဖော်တွေ သူ့ကိုအနိုင်ကျင့်ပြီး အခန်းထဲကိုထည့်ခံလိုက်ရတာ။ ဆရာတွေနဲ့ ခဏခဏပြောပေမယ့်ဆရာတွေက ဂရုမစိုက်ဘူး။ ဒါကြောင့်သူအတန်းဖော်တွေက ပိုကန်းတက်လာတာ။ အဲ့အဖြစ်အပျက်ကြောင့်မူလကိုယ်က အပြင်းဖျားပြီး အဲ့နေရာမှာဘဲ သုံးရက်လောက် ပိတ်မိနေခဲ့တယ်။ နောက်ရက်တွေမှာ သူကျောင်းပြန်တက်တော့ ဆရာကအကြောင်းပြချက်မရှိဘဲ ကျောင်းပျက်တယ်ဆိုပြီး အတန်းပြင်မှာ သုံးနာရီမတ်တပ်ရပ်ခိုင်းပြန်တယ်။သူမေ့လဲသွားတော့ အတန်းကလူတွေက ပျော့ညံ့တယ်ဆိုပြီး အလှောင်ခံရပြန်တယ်။ ဒါကြောင့်သူစိတ်ရောဂါက ပြင်ထန်သွားပြီး သူအစ်မကို လိုက်ဒုက္ခပေးရာက ဇတ်လမ်းစတာ........ထားပါ တွေးနေတာရပ်ပြီး နေသန် အပြင်ထွက်ဖို့အားယူကာထလိုက်ပေမယ့် မထနိုင်ဘဲ ပြန်လဲကျသွားသည်။
YOU ARE READING
NATHAN (System)[Uni &Zg]
Non-Fictionကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...