"I lay me love on you,🎶
that is all I wanna do, 🎶
Every......""ဟယ်လို..အမေ"
"......"
"အင်း မထသေးဘူး ကျွန်တော်တို့ခဏနေကျရင်ဆင်းလာလိုက်မယ်"
"....."
"အင်း...အင်.."
"ကျစ် အိပ်လို့မဝသေးဘူးလို့ တိုးတိုးနေပေးလို့ရမလား မယ်လင်"
Jake အမေကထဖို့ ဖုန်းဆက်နိုးနေတုန်း ရင်ခွင်ထဲကကောင်လေးက လှုပ်ရှားလာသည်။ သူ့ကိုကြည့်လိုက်တော့ မျက်လုံးကမဖွင့်သေး ပါးစပ်ကတော့ပြောနေပြီ၊ သူ့ညီမလေးလို့ထင်နေတာလား
"အမေ ကျွန်တော်ချတော့မယ်နော သူအိပ်တာအနှာင့်အယှက်ဖြစ်နေမယ်...အင်.."
"မယ်လင်...!! သွားအမေဟင်းသွားချက်ကူ အစ်ကို့ကိုမနှောင့်ယှက်နဲ့ဦး "
"ဟက်...ကလေး..!"
"......"
"ကိုယ့်ကောင်လေး...!"
"......."
"မမလေး...!"
"မယ်လင် ငါကိုအဲ့လိုမခေါ်နဲ့လို့.... ဟင် မယ်လင့်အသံလည်းမဟုတ်...."
မမလေးလို့ခေါ်တော့ စိတ်ဆိုးဆိုးနဲ့ပြန်ပြောသောကောင်လေးက အခုမှသူ့ကို မယ်လင်မဟုတ်မှန်းသိတယ်ထင် မျက်လုံးဖွင့်လာသည်။ သူ့ကိုသေချာကြည့်မှ
"အား..!! ခင်များ ကျွန်တော့်အိမ်ဘယ်လိုရောက်.....ရောက် မယ်လင်က...?"
ဒေးဗစ်သေချာကြည့်လိုက်တော့သူအိမ်မဟုတ်မှန်းသိလိုက်သည်။ မနေ့ညက သူ့ကိုခေါ်လာမှန်းပြန်သတိရလိုက်ကာ စိတ်အခြေအနေပုံမှန်ပြန်ဖြစ်သွားသည်။
"ဒီမှာ နိုးရင်လည်း ထပြီးသွားတော့လေဗျာ ဘာလို့ကျွန်တော့်ဘေးမှာဖုန်းလာပြောတာလည်း "
"အမေ ဖုန်းဆက်နိုးတာ အပေါ်တက်နိုးရင် မမြင်သင့်တာတွေမြင်မှာစိုးလို့ထင်တယ်....နော်"
ဒေးဗစ်စိတ်ပျက်စွာကြည့်လိုက်သည်
"မမြင်သင့်တာမြင်ရအောင် ကျွန်တော်က ငြိမ်ခံမှာတဲ့လား ကျွန်တော်....."

YOU ARE READING
NATHAN (System)[Uni &Zg]
Saggisticaကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...