ရှဗ် ဒေးဗစ်ဆီဖုန်းဆက်ပြီးတာနဲ့ အတန်းထဲကလူတွေကိုရှင်းပြဖို့အားရပါးရမတ်တပ်ရပ်လိုက်ပြီး အသံကျယ်ကြီးနဲ့
"ဟေး...ဒေးဗစ်ဖုန်းဆက်ပြီးပြောခိုင်းလိုက်တယ် သူကရှက်လို့ထွက်ပြေးသွားတာမဟုတ်ဘူးတဲ့ သူလုံးဝရှက်မနေဘူးတဲ့ နောက်တစ်ခါ အဲ့လိုပြောရင် jakeနဲ့တွေ့မယ်တဲ့ "
အတန်းထဲကလူလည်းရုတ်ရုတ်သဲသဲဖြစ်သွားသည်။ပန်းကြာဖြူမက အခုနကတည်းက လန့်ပြီးအိမ်ပြန်သွားပြီထင်
"ငါမပြောဘူးလား သူတို့တစ်ကယ်ဖြစ်နိုင်ပါတယ်လို့ "
"အေး သူ့ကိုပြောရင် သူ့ဘဲနဲ့တောင်တွေ့သွားဦးမယ်တဲ့ "
"အဟိ အရင်ဆုံးသိရတဲ့ ငါတို့ကိုငါတို့ဂုဏ်ယူလိုက်တာ နောက်နေ့မှ ဟိုဖက်ခန်းက အပုတ်မတွေကိုပြန်ကြွားလိုက်ဦးမယ် ဟီးဟီး "
"မဖြစ်နိုင်တာ သူတို့နှစ်ယောက်လုံးတောင့်တောင့်ဖြောင့်ဖြောင့်တွေကို အခုငါလေးကရှသွားတာလား နှစ်ယောက်လုံးက ငါ့စိတ်ကူးယဥ် သတိုးသား...."
"ယဥ်မနေတော့နဲ့ နင်ရှသွားပြီ ဆိုတာလက်ခံလိုက် ပြီးရင်ငါ့တို့နဲ့အတူကမ္ဘာသစ်ဆီကို ဦးတည်လာလိုက်ပါ အလကားနော် ဒါပေမယ့်တစ်ခုပြောဦးမယ် အဝင်လမ်းရှိပေမယ့် အထွက်လမ်းမရှိဘူး အင်း...မရှိဘူးဆိုတာထက် လိုလိုလားလားကိုမထွက်ချင်တော့တာပါ အထင်မလွဲနဲ့"
"ဟေ့ သူအကြောင်းမဆွေးနွေးတော့နဲ့ဆို နင်တို့jakeကိုမကြောက်ဘူးလား "
"..... "
တစ်ခန်းလုံးတိတ်ကုန်သည်။ သူတို့ဘာပြောလည်းသေချာနားမလည်ပေမယ့် သူ့အကြံအောင်မြင်မှန်းသိပြီး ပီတိဖြစ်နေသည်
{နေသန်ဘာလို့လိမ်လိုက်တာလည်း }
'အို ငါလိမ်လိုက်လို့လား ထားပါ jakeက ဒီခန္ဓါကိုယ်ရဲ့သေခြင်းနဲ့ ဆက်စပ်နေတယ်လေ ပန်းကြာဖြူမက သူ့အကူအညီနဲ့ အကြံတွေအောင်မြင်နေတာလေ ဒါကြောင့် သူ့ကိုတားရမှာပေါ့ ပထမကမ္ဘာမို့လို့ထင်တယ် မစ်ရှင်ကအရမ်းရိုးရှင်းပြီး ဘာမှလုပ်စရာမလိုဘူး ပြီးတော့ ဘာဘဲဖြစ်ဖြစ် missionအတွက်ဆိုရင် စွန့်လွတ်တတ်ရတယ် နားလည်လား'
YOU ARE READING
NATHAN (System)[Uni &Zg]
Non-Fictionကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...