"Fuck.!!!"သူအံသြပြီး အပြင်မှာလည်း ဆဲမိသွားတယ်။ ဒေးဗစ်သူ့ကိုအကြောင်လိုက်ကြည့်လာပြီး
"ဘာထဖြစ်တုန်းအဲ့တာက..."
သူဒေးဗစ်ကို စိုက်ကြည့်ပြီး
"ဟျောင့်.."
"ဘာလည်း"
"မင်းဘဲက မင်းကိုပစ်သွားတာမဟုတ်ဘူး"
သူပြောပြီးတာနဲ့ ဒေးဗစ်ကထရယ်ကာ သူ့ကိုအားရပါးရကန်လိုက်သည်။
ရူးနေတာလား jakeသာသူ့ကိုမပစ်သွားရင် အခု သူတစ်ယောက်ထဲဖြစ်နေမှာလား၊ အခုလိုသောက်ပိုတွေ သရုပ်ဆောင်နေရမှာလား။jakeသူ့ဆီပြန်လာမယ်ဆိုတာသိနေပေမယ့် ကြားမှာချန်ထားမယ်ဆိုတာလည်းသိသည်။
ဒေးဗစ်ရယ်လို့ပြီးမှ
"ဟက်...မင်းဆေးကို လှုပ်သောက်ဖို့မေ့နေတာထင်တယ် မင်းဖေကငါ့ကိုမပစ်သွားလို့ နောက်တစ်ယောက်နဲ့တွဲနေတာလား သောက်ပိုတွေလာမပြောနဲ့ဟျောင်"
"မဟုတ်ဘူး ငါပြောတာကမင်းဘဲ..."
"အခုဆို ဟိုတယ်ရောက်နေလောက်ပြီ!! အခုဆို အခန်းထဲမှာ ညစ်ညမ်းအသံတွေလည်း ပြည့်နေလောက်ရောပေါ့...မင်းစဉ်းစားကြည့် မင်းကိုသောက်ရမ်းချစ်တယ်လို့ပြောခဲ့တဲ့ ကောင်က...အခန်းတစ်ခုထဲမှာ...မင်းမဟုတ်တဲ့လူနဲ့....ဟာ..!!"
"......."
ဒေးဗစ်ဆက်မပြောဘဲရပ်လိုက်ပေမယ့် အဓိပ္ပါယ်ကိဳသူနားလည်သည်။ သူလည်း ဒီလို......ထားပါ
သူအခုချက်ချင်းပဲ jakeက ညို့ခံရတာလို့ ပြောပြလိုက်ချင်ပေမယ့် ဘယ်လိုမှသက်သေပြလို့မရဘဲ၊ဒေးဗစ်ကလည်း ယုံမည်မထင်ပါ၊သူထိုကောင်ကိုနှစ်သိမ့်ပေးချင်ပေမယ့် ဘယ်သူ့ကိုမှသူမနှစ်သိမ့်ဖူးဘူး ဒါကြောင့် ဒေးဗစ်ကိုအချိန်ပေးဖို့အတွက် အပြင်ထွက်လိုက်တယ်။"မင်းဘယ်လို လက်စားချေမှာလည်း စဉ်းစားထားလိုက် ငါအပြင်ခဏထွက်ပေးမယ် ပြီးရင် ငါ့ကိုခေါ်လိုက်"
ဝရန္တာ ဖက်ကိုသူထွက်လာလိုက်ပြီး တံခါးကိုလည်း ခတ်ထားလိုက်တယ်။ သူစဉ်းစားနေတာက ဒေးဗစ်အကြောင်း၊ သူတို့နှစ်ယောက်လုံး ဘယ်သူမှမမှားကြဘူး မှာတဲ့လူတစ်ယောက်သာရှိတယ်၊
YOU ARE READING
NATHAN (System)[Uni &Zg]
No Ficciónကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...