.8-2

444 51 0
                                    

'What the ......!!'

"အ​မေ သမီးပြန်မသွား​တော့ဘူးလို့ သမီး..."

"သမီးက အလုပ်ကို ​​ပေါ့​ပေါ့တန်တန် ​တွေး​နေတာဘဲ အဲ့ရာထူးကိုရဖို့ဘယ်​လောက်​တောင်ခက်လည်း ဆိုတာမသိဘူးလား သမီးထွက်ဖို့​တွေးရင် သမီးနဲ့တူတူအင်တာဗျူး​ဖြေခဲ့တဲ့လူ​တွေကိုပြန်ကြည့်ဦး သမီးသာအစကတည်းကမ​ဖြေခဲ့ရင် သူတို့ထဲကတစ်​ယောက်က အလုပ်ရ​​နေ​လောက်ပြီ အဲ့တာကို သမီက လွယ်လွယ်​လေးထွက်မလို့လား သူတို့ကိုအားနာပါဦး"

သူအစ်မရဲ့မျက်နှာက မ​ကောင်းဘဲ သူ့အစ်​မေကိုပြန်ရှင်းပြလိုက်သည်။

"အဲ့​ကြောင့်​ပြောတာ​လေ သမီးနေရာကို သူတို့ထဲကတစ်​ယောက်ကို​ပေးဖို့ကို "

"ရာထူးကို လွယ်လွယ်​လေး တစ်​ယောက်ကိုတစ်​ယောက်လွဲ​ပြောင်းဖို့လွယ်တယ်ထင်​နေတာလား "

ကယ်လ်ဗင်ကထပ်​ပြော​တော့ အယ်ဗလင်းရဲ့ မျက်နှာက ပိုပျက်လာကာ

"ဒါဆို ဘာလို့သူများကိုအိမ်သာ​ဆေးခိုင်းတာလည်း အဲ့တုန်းက သူများသမီးကို ဘယ်လိုကြည့်သွားကြလည်း အ​မေသိလို့လား "

"ဟမ် ဘာကို.."

ကယ်လ်ဗင်အခုမှပြန်စဥ်စားမိသည်။ သူမကို သူအဲ့လို​ပြောပြီး နှင်လွတ်လိုက်တုန်းက ရယ်သံတစ်ချို့ကိုကြားလိုက်​ပေမယ့် လစ်လျှူရှုလိုက်ခဲ့သည်။ အိမ်မှာအဆင်​ပြေ​ပြေ​နေတဲ့ မမ​လေးတစ်​ယောက်က အိမ်သား​ဆေးခိုင်းခံလိုက်ရတဲ့အပြင် ​လှောင်ခံလိုက်ရတာက ဘယ်​လောက်ထိဆိုးရွားမှန်း သူသိခဲ့သင့်သည်။

"သမီး​ပြောတာ အိမ်သာ​ဆေးခိုင်းတဲ့သူက သမီးသူ​ဌေးကိုယ်တိုင်လား အ​မ​လေး သမီးတစ်ကယ်မ​ဆေးခဲ့ဘူးမလား ဟင်....​ကောင်းပြီ ​ကောင်းပြီ သမီးသွားစရာမလိုတော့ အိမ်မှာဘဲ​နေ​တော့​နော် ဘယ်နှယ့် အ​မေ့သမီး​လေးက အ​လှောင်ခံခဲ့ရတာလည်း"

​ရေချယ်​ပြောလည်း​ပြော အယ်ဗလင်းရဲ့ ပုခုံးကိုပုတ်ကာနှစ်သိမ့်​နေသည်။

ကယ်လ်ဗင်က​တော့ မ​နေတတ်​တော့ အဲ့တုန်းက သူမ​လေးက မာမားgirl  ဆိုတာ​ခေါက်ထားခဲ့မိတာဘဲ ။  ပုံမှန်ဆို တစ်ခြားလူ​တွေကို အဲ့လိုမဆက်ဆံခဲ့​ပေမယ့် သူမနဲ့ကျမှ အနိုင်ကျင့်ချင်စိတ်​တွေထကြွလာတာသူ့အပြစ်လား.....

NATHAN (System)[Uni &Zg]Where stories live. Discover now