"I still up allnight
Tell myself I'm alright
Baby you're just harder to see than most
I put the record on..... ""အင်း~~~~"
"ဟျောင့် မင်းအခုချိန်ဆိုထနေကြမဟုတ်လား ထတော့လေ"
"ငါလိုးဟျောင် 6နာရီဘဲ ထိုးသေးတယ်လေ မနက်စောထမင်းထချက်ရတဲ့ ဝဠ်ဒီနေမှကျွတ်လို့ပါဆို $ကောင် "
"အခုနိုးပြီဘဲမလား ထတော့ ငါမင်းကို ဟိုဆိုင်သွားဖို့ခေါ်မလို့ မုန့်အသစ်လုပ်တယ်လို့ပြောတယ် "
တစ်ပါတ်အတွင်း သူတို့နှစ်ယောက် ထိုဆိုင်ကို ခဏခဏသွားသောကြောင့် မပြောလည်းသိနေသည်
"အေး..ငါအကြွေးမှတ်ထားလိုက်ပြီနော် "
"ဟယ်ဟယ်..မဆိုင်ဘူးလေ ငါမင်းကိုလည်းလာကြိုရသေတယ်"
"6:30မထိုးခင် အရောက်လာခဲ့ မဟုတ်ရင်ငါ ကိုယ်ဘာသာကိုယ်သွားလိုက်မယ်"
"ဟာ..ဟျောင်မနောက်နဲ့လေ...ငါ ပြင်တောင်မပြင်ရသေးဘူး အခုမှ မျက်နှာသစ်တုန်းဘဲ ရှိသေးတာ"
"ဒါဆိုဘာလို့ဖင်တစ်တောင်လောက်ရှည်ပြီး ငါ့ကိုအရင်ဖုန်းခေါ်လာတာတုန်း"
"အားး...မသိဘူး...ဒါဘဲ..တီ.!!"
"ဟက်.!!"
ဒေးဗစ်ဖုန်းချပြီးတော့ သူနာရီကြည့်လိုက်တော့ 6:05မိနစ် သူအောက်ဆင်းတော့ သူ့အမေ တစ်ယောက်ထဲဟင်းချက်နေသည်။ အယ်ဗလင်းကိုလည်းမတွေ့
"အမေ အများကြီးမချက်နဲ့ ကျွန်တော်မစားဖြစ်ဘူး"
"ဟင်း..သားဘာလို့အစောကြီးနိုးနေတာလည်း အောင်အိပ်ပါလား ဘာလို့မစားဖြစ်တာလည်း.."
"ဟိုငနဲကောင် ကျွန်တော့်ကို ဖုန်းဆက်နိုးတာ အပြင်မှာ ခေါ်စားမလို့တဲ့ အစ်မကော အမေ့ကိုမချက်ကူဘူလား.."
"အမလေး သူ့ကိုတော့ပြောမနေတော့နဲ့ မင်းသူ့ဖုန်းဝယ်ပေးလိုက်တာ ညနက်တဲ့ထိ မအိပ်ဘဲ ထိုင်ကြည့်နေတော့တာဘဲ.. "
"ကျွန်တော်ပြန်သိမ်းလိုက်ရမလား..."
"ပြန်တော့မသိမ်းလိုက်နဲ့ ဟိုကကြောက်စရာအသံကြီးနဲ့ငိုမှဖြင့်"
"ဟုတ်သား အဲ့တာတော့ကျွန်တော်သည်းမခံနိုင်ဘူး.."
"ဟားဟား..ဟုတ်ပါပြီ သားသွားတော့မယ်မလား အမေတံခါးဘေးမှာ ထီးထားထားတယ် ယူသွားဦး.."
YOU ARE READING
NATHAN (System)[Uni &Zg]
Non-Fictionကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...