{နေသန်..နားလို့ရပါပြီ..6နာရီထိုးပါပြီ....}
"အင်း..မင်းသူ့ကိုကြည့်ပေးလိုက်"
{ဟုတ်..}
နေသန် 000000001 ကိုလေ့ကျင့်ပေးနေတုန်း stamရဲ့ အသံကြားတော့ spaceကနေထွက်လိုက်သည်။ အခုရက်ပိုင်း နေသန် အိပ်ချိန်တွေဆို spaceထဲဝင်ပြီး 1 ကိုလေ့ကျင့်ပေးနေတတ်သည်။
Space ကထွက်ပြီး သူမျက်လုံးတာနဲ့ချက်ချင်း သူ့အစ်မကတံခါးလာခေါက်သည်။"ဒေါက်..ဒေါက် ရှဗ် ထပြီလား ငါဝင်လာလို့ရမလား"
"အင်း..ထပြီ "
ရှဗ်တံခါးသွားဖွင့်ပေးတော့ အယ်ဗလင်းကမျက်နှာဆူပုတ်ပုတ်နဲ့ အထဲဝင်လာသည်။
"ရှဗ် နင်ပြောတာမှန်တယ်...."
"......."
"သူ..သူ တစ်ခြားကောင်မလေးတွေနဲ့လည်းတွဲနေတယ် သူပြောတော့ ...ကောင်မလေးမရှိဘူးတဲ့ သူငါ့ကိုလက်ခံတော့မလိုနဲ့ အခုတော့.."
"ကျွန်တော် အစ်မကိုပြစရာရှိသေးတယ် ဒီမှာ"
ရှဗ်မီးလောင်ရာလေပင့်ပေးတဲ့အနေနဲ့ သူ့အစ်မ မိုက်ခ်ကိုလိုက်နေတဲ့တစ်လျောက်လုံး မိုက်ခ် တစ်ခြားကောင်မလေးတွေနဲ့ တွဲနေတဲ့ ပုံတွေကိုပြလိုက်သည်။
သူ့အစ်မက ကြည့်ပြီးအံဩနေကာ"သူဘယ်လိုလုပ်..သူငါ့ကိုမကြိုက်ရင်တောင် ငါကိုဒီလိုတော့မလုပ်သင့်ဘူလေ....ဟင့်..သူပြတ်ပြတ်သားသားငြင်းသင့်တယ် ဟုတ်တယ်မလား..ဟင့်......ဗြဲ.......!!"
ရုတ်တရက်ထငိုကာ သူ့ပေါ်လာမှီသော သူမကြောင့် သူဘာလုပ်ရမလည်း မသိတော့ သူမကျောကို ခပ်ဖွဖွပုတ်ကာ ခဏအကြာမှ
"ကဲပါ....ဝမ်းနည်းမနေနဲ့ လောကမှာ အဲ့လောက်တောင်ပေါတာကြီးကို ကိတ်တဲ့ယောကျာ်းတွေက"
သူစလိုက်တော့ သူမက
"ချီး....သူများက တစ်ကယ်ကြိုက်တာကို "
"တကယ်ပြောတာ ကျွန်တော်ရှာပေးရမလား နင့်နဲ့ကိုက်တဲ့လူကို လမ်းဘေးမှာဖြစ်ဖြစ်ရှာတွေ့မှာပါ"
"ရှဗ်..နင်..နင် ဗြဲ.... ငါကိုချော့နေတာလား ပိုငိုအောင်လုပ်နေတာလား.."
"ဟုတ်ပါပြီ ဟုတ်ပါပြီ..ကျွန်တော်အစ်မကိုတောင်းဆိုပါတယ် ဒီထက် မငိုပါနဲ့တော့ "
YOU ARE READING
NATHAN (System)[Uni &Zg]
Sachbücherကိုယ်တိုင်တောင် မသိလိုက်ဘဲ တည်ဆောက်မိသွားတဲ့ system နဲ့ဘယ်လိုmissionတွေထမ်းဆောင်ပြီး မကောင်းတဲ့ကောင်/ကောင်မတွေကိုဘယ်လို ကစားမလည်းဆိုတာက နေသန်: မင်းနဲ့ဆိုင်လား ငါ့ဟာငါဘာလုပ်လုပ်ပေါ့ System: နေသန် ထားလိုက် အသုံးမဝင်တဲ့ အမှိုက် ...