(( 1 ))

13.5K 690 58
                                    

Unicode

မနက်ခင်းအရုဏ်တက်အချိန်ဖြစ်သော်ငြား နွေဦးရာသီရောက်နေပြီမလို့နေရောင်ပျို့ပျို့ကအရှေ့ဖက်တောင်တန်းတွေဖက်မှ စတင်ကာထွက်စပြုနေလေပြီ။

နေရောင်ခြည်နုနုအောက်တွင် ဂိုလျောတိုင်းပြည်ကြီးရဲ့နန်းတွင်းထဲတွင်လည်း ရဲမက်များ၊အထိန်းတော်ရှန်ကုန်းများ၊အပျိုတော် ရံရွေတော်၊ နန်းတွင်းသူတွေအသီးသီးတို့ကလည်းသက်ဆိုင်ရာလုပ်ငန်းခွင် တာဝန်ကျရာနန်းဆောင်းတွေအတွင်းအလှည့်ကျပြောင်းရွှေ့ကြချိန်မလို့ ဂိုလျောပြည်ရဲ့မနက်ခင်းဟာအရောင်အသွေးစုံလင်ကာတက်ကြွဖွယ်ကောင်းနေတော့သည်။

ထိုသို့လန်းဆန်းတက်ကြွဖွယ်မနက်ခင်းလေးတွင် စစ်ရေးလေ့ကျင့်ကွင်းအတွင်း အားကြိုးမာန်တက်ဓားရေးလေ့ကျင့်နေကြသည့်လူနှစ်ယောက်လည်းရှိနေခဲ့သည်။

ရဲမက်အခြံအရံပေါင်းများစွာဝန်းရံလျက် စစ်ရေးလေ့ကျင့်ကွင်းထဲတွင်ချွေးစက်တွေရွှဲစိုနေသည့်တိုင် ဓားရေးယှဉ်ပြိုင်ကာလေ့ကျင့်နေကြသည့်ဖျက်လက်တက်ကြွသည့်လူငယ်နှစ်ယောက်။

မနက်ခင်းနေရောင်ခြည်နုနုအောက်တွင် လှုပ်ရှားနေသည့်ဓားသွားတွေရဲ့အရောင်ဟာတလှပ်လှပ်နှင့်တောက်ပနေသလို ဓားချင်းယှဉ်ပြီးရိုက်ခတ်သံတွေကြောင့် တချွမ်းချွမ်းနှင့်ဆူညံသံတို့ကလည်းကွင်းထဲတွင်ကျယ်လောင်စွာ။

ထိုသူတွေကားတခြားမဟုတ်။ ဂိုလျောပြည်ရဲ့အိမ်ရှေ့စံမင်းသားယွန်းဂီနှင့်မင်းသားဆော့ဂျင်တို့ပင်ဖြစ်သည်။

တစ်ဖက်တွင်လည်းထိုဓားရေးလေ့ကျင့်ကွင်းဆီသို့အဆောင်တော်ကနေ လေလိုအရှိန်ဖြင့်အပြာနုရောင်ပိုးသားဝတ်ရုံလေးကိုမကာပြေးလာသည့်မင်းသားငယ်လေးတစ်ပါး။

"မင်းသားလေး နန်းတော်ထဲပြေးလွှာဖို့မသင့်တော်ကြောင်းပါ!"

နောက်ကပြေးလိုက်နေသည့် အထိန်းတော်ကြီးနဲ့အပျိုတော်ရံရွေတော်တွေရဲ့စကားကိုဂရုမစိုက်စွာပင်ဓားရေးလေ့ကျင့်ကွင်းဆီသို့အပြေးအလွှားရောက်လာခဲ့သည်။

အစ်ကိုတော်တွေဓားရေးကျင့်ရာ လေ့ကျင့်ကွင်းဆီသို့ရောက်တော့သူ့ပြေးနှုန်းကိုမှီအောင်လိုက်နိုင်ကာနောက်ကနေတပ်ကြပ်မကွာပါလာသည့်ကိုယ်ရံတော်ကိုတော့ မင်းသားငယ်လေးကမျက်စောင်းတချက်လှည့်ထိုးလိုက်သေးသည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now