(( 9 ))

3.1K 382 44
                                    

Unicode

သံတမန်အဖွဲ့ဝင်တွေနှင့်အရှင့်သားဂျွန်ဂျောင်ကုတို့ ထန့်ယန်းသို့ပြန်ကြတော့မည်ဖြစ်တာကြောင့် နန်းတော်ရင်ပြင်ကြီးရှေ့တွင် ထန့်ယန်းသံအမတ်အဖွဲ့ဝင်တွင် မြင်းစစ်သည်တော်တွေဖြင့်စည်ကားနေသည်။

အပြင်ဝတ်စုံတန်ဆာအပြည့်အစုံဖြင့် နေရောင်အောက်တွက်ခန့်ညားနေသည့်အရှင့်သားကိုထယ်ယောင်းမဝံမရဲလှမ်းကာငေးကြည့်မိသည်။

မင်းကြီးနှင့်အိမ်ရှေ့စံယွန်းဂီနောက်တွင် မင်းသားငယ်တွေကနေရာယူထားရသည်မလို့ အရမ်းကြီးတော့မလှမ်းနေ။

အရှင့်သားဟာ တကယ်ပဲထန့်ယန်းသို့ပြန်တော့မည်ဖြစ်သည်။ မနေ့ကစကားအချို့ကြောင့် သူ့အားစိတ်ပျက်သွားလေပြီလားဆိုသည့်အတွေးတို့ကြောင့် လူကအားအင်တွေနုံးချိလျက်။

အတွေးတို့က မနေ့ညကအကြောင်းတွေသို့ပြန်ရောက်သွားမိသည်။

"ကိုယ်တော်မနက်ဖြန်ထန့်ယန်းကိုပြန်ရတော့မယ် ယောင်း~"

"ဟင်!"

သူရဲ့ရုတ်တရက်အပြောတွင် ခန္ဓာကိုယ်လေးကမက်ခနဲဖြစ်သွားကာ သူရင်ခွင်ထဲကနေထွက်ကာသူ့အားတအံ့တဩလေးကြည့်လာသည်။ သူ့စကားတွေကို သူ့မျက်နှာကနေအတည်ပြုနေဟန်။

"ဟုတ်တယ် ထန့်ယန်းမှာဖြေရှင်းစရာလေးတွေရှိလို့ကိုယ်တော်ပြန်မှဖြစ်မယ်"

"ပြန် လာ မှာ လား?"

ခပ်တိုးတိုးလေးမေးလာသည့် စကားလုံးလေးတွေနှင့်အတူမျက်လုံးတောက်တောက်လေးတွေကချက်ချင်းအရည်ကြည်လေးတွေဝေ့သီလာသည်မလို့ချက်ချင်းပင်မျက်လုံးလေးတွေကိုဖိကပ်ကာနမ်းပစ်လိုက်သည်။ ယောင်းရဲ့မျက်ရည်တွေကို သူမမြင်ချင်။ သူ့ကြောင့်ကျရမဲ့မျက်ရည်ဆို ပို၍ပင်မမြင်ချင်ပါ။

သူရှိရာရပ်ဝန်းတွင်ယောင်းမျက်နှာထက် အပြုံးတွေပဲဆင်ယင်စေရမည်။

"သေချာပေါက်ပေါ့။ ကိုယ်တော့်ရဲ့နှလုံးသားလေးဒီမှာကျန်နေခဲ့တာပဲ ကိုယ်တော်ကထန့်ယန်းမှာယောင်းမရှိပဲကြာကြာအသက်ရှင်နိုင်မယ်ထင်လို့လား?"

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now