(( 8 ))

3.2K 398 38
                                    

Unicode

"ယောင်းလေး!"

ထယ်ယောင်းလဲကျနေသည့်အနားသို့ အရင်ရောက်သွားသူကားအိမ်ရှေ့စံယွန်းဂီပင်။

"ယောင်းလေး ထိသွားသေးလား?! အဆင်ပြေရဲ့လား?? ဘယ်နားထိမိသွားသေးလဲ??"

ထိုအချိန်အရှင့်သားဂျောင်ကုကပါသူ့ဆီသို့စိုးရိမ်တကြီးရောက်လာသည်မလို့ ထယ်ယောင်းမှာလဲကျနေရာမှအမြန်ပြန်ထလိုက်တော့သည်။

"ဟင့်အင်းအစ်ကိုတော် ကျွန်တော်အဆင်ပြေပါတယ် "

မြောင်ဆူ့အကာအကွယ်နှင့်တကယ်လဲသူဘာမှမဖြစ်သွားပါ။ ရှောင်တိမ်းရင်းမတော်တဆလဲကျသွားရုံသာ။

"လန့်သွားမှာပဲ..."

အိမ်ရှေ့စံကသူ့လက်ကိုင်ပဝါလေးထုတ်ကာ ထယ်ယောင်းနဖူးစပ်ကချွေးစလေးတွေကိုညင်သာစွာသုတ်ပေးရင်းစိုးရိမ်တကြီးဖြစ်နေသည်မလို့ ထယ်ယောင်းမှာအစ်ကိုတော့်ကိုအပြုံးလေးဖြင့်သာတုန့်ပြန်နိုင်သည်။

အိမ်ရှေ့စံကမင်းသားလေးထယ်ယောင်းအပေါ်ဘယ်လောက်အကဲဆတ်သလဲဆိုတာ နန်းတွင်းတစ်ခုလုံးအသိပေမလို့မြောင်ဆူမှာလဲသူ့အပြစ်နဲ့သူခေါင်းမမော့ကြည့်ရဲ။ သူအစောင့်အရှောက်မတော်လို့ မင်းသားလေးလဲကျသွားရသည်မလား။

"ယောင်းလေး ကိုယ်ရံတော်နဲ့နန်းတော်ကိုအရင်ပြန်နှင့်လိုက်ကြ...ကိုယ်အရှင့်သားဂျောင်ကုကိုဈေးထဲသေချာလိုက်ပြပေးရမှာမလို့ ဂျွန်းလေးတို့ကိုစောင့်ပြီးမှပြန်ခဲ့မယ်"

"မဟုတ်တာအစ်ကိုတော်ဂီ ကျွန်တော်ဘာမှမဖြစ်ပါဘူး .."

"ကိုယ်အမိန့်ပေးနေတာယောင်းလေး...နန်းတော်အပြင်ဖက်ကဘယ်လောက်အန္တရာယ်များလိုက်သလဲ ..."

အိမ်ရှေ့စံကအမှန်ပင်စိတ်ပူနေသလို မျက်နှာကတည်သွားတာကြောင့်ထယ်ယောင်းထပ်ပြီးအတွန့်မတက်ရဲတော့။ အရှင့်သားနားလေးမှာတတ်နိုင်သမျှအရှင့်ရဲ့အရိပ်လိုလေးရှိနေချင်ပေမဲ့လည်း မတတ်နိုင်ရာ။

ဂျောင်ကုမှာလည်းထယ်ယောင်းကိုဘာမှပင်ပြောခွင့်မရလိုက်။ ဂိုလျောအိမ်ရှေ့စံရဲ့အမိန့်ကြောင့်သူ့အားမသိမသာလေးလှမ်းကြည့်ရင်း ကိုယ်ရံတော်နှင့်အတူထွက်သွားသည့်ပုံရိပ်ငယ်လေးနောက်သို့သာအကြည့်တွေပါတော့သည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now