(( 11 ))

2.8K 349 48
                                    

Unicode

"မနက်စာလည်းကောင်းကောင်းမသုံးဆောင်ထားဘူး လက်ဖက်ရည်ပွဲပြင်ဆင်ပေးရမလားမင်းသားလေး"

"ဟင့်အင်း ငါတစ်ယောက်တည်းနေချင်တာမလို့မင်းလဲအပြင်ထွက်နေမြောင်ဆူ"

မျက်နှာလေးကမကောင်းလှသည်မလို့ မြောင်ဆူလဲအရိုသေတချက်ပေးကာအဆောင်ပြင်သို့ထွက်လာကာရပ်စောင့်ပေးနေရတော့သည်။

ထန့်ယန်းအရှင့်သားပြန်သွားပြီးကတည်းက အရှင့်သားထံမှစာအဆက်အသွယ်တောင်မရတာရက်တသတ္တပတ်အတော်ပင်ကြာခဲ့ပြီမလို့ မင်းသားလေးမှာဒီရက်ပိုင်းတမှိုင်မှိုင်တတွေတွေ။

ထန့်ယန်းအရှင်နှင့်ဂိုလျောမင်းသားတဲ့....ဖုံးကွယ်ပေးထားမိသည့်မြောင်ဆူပင်ခေါင်းကြိမ်းသည်။ မင်းသားလေးထယ်ယောင်းမျက်နှာတစ်ချက်ပျက်သည်နှင့်ပင်အကဲဆတ်လွန်းသည့်အိမ်​ရှေ့စံနှင့်မင်းကြီးအကြောင်းသိနေ၍ မြောင်ဆူ့မှာတစ်နေ့တစ်နေ့မလုံမလဲ။

ဟိုတစ်လောကပင်အိမ်ရှေ့စံကမင်းသားလေးထယ်ယောင်းမျက်နှာမကောင်းသည့်အကြောင်းကို သူ့အားခေါ်တွေ့အားအနီးကပ်ပိုပြီးစောင့်​ကြည့်ရန်ပြောခဲ့သေးသည်မလား။ ထိုအချိန်ကဆို မြောင်ဆူ့မှာနန်းပြင်ဖက်ခေါင်းချိတ်ဆွဲခံရပြီထင်နေခဲ့တာမဟုတ်ပါလား။

ဘယ်လ်ိုပဲအိမ်ရှေ့စံရဲ့အမိန့်လိုဆိုစေကာမူ မင်းသားလေးထယ်ယောင်းဟာသူခစားရသည့်သူ့ရဲ့အရှင်သူ့ရဲ့သခင်။ မင်းသားလေးနဲ့ပက်သက်သမျှအကြောင်းအရာတွေကို မင်းသားလေးအမိန့်ခွင့်ပြုချက်မရှိပါပဲသူဘယ်သူ့ကိုမှထုတ်ပြောလိမ့်မည်မဟုတ်။

-
-
-
-
-
လေစိမ်းတွေတိုက်ခတ်နေသဖြင့်အအေးပတ်မည်ဟူသည့်အကြောင်းပြချက်ဖြင့် ကိုယ်ရံတော်ချွဲကမြင်းစီးဖို့လိုက်မပို့ပေးတာကြောင့်မင်းသားငယ်ယောန်ဂျွန်းမှာ ဥယျာဉ်ထဲသွားလိုက်အဆောင်ထဲနေလိုက်ဖြင့်ပျင်းရိနေရသည်။

ငြိမ်နေသည်ဆိုတာသူ့ပုံစံမှမဟုတ်တာလေ။ ကိုယ်ရံ​ေတာ်ချွဲရယ်အထိန်းတော်ရယ်အပျိုတော်တသိုက်ကလဲ မင်းသားလေးယောန်ဂျွန်းသွားသမျှနေရာတကောက်ကောက်လိုက်ရရှာသည်။

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now