(( 13 ))

2.6K 288 57
                                    

Unicode

သေရည်အိုးသုံးအိုးလောက်လဲပြီးသွားသည့်တိုင် အရိပ်ကလေးတောင်ပေါ်မလာသေးသည့်တစ်ယောက်သောသူကြောင့် အရှင့်သားဂျောင်ကုမှာစိတ်တွေမသက်သာတော့။

မနေ့ကပဲယောန်ဂျွန်းမင်းသားလေးက ယောင်းနဲ့တွေ့စေရမည်လို့ကတိပေးသွားခဲ့သည်မဟုတ်ပါလား။ သို့ဖြင့်လျှင် အခုလိုနာရီအချို့ကြာသည့်တိုင်ရောက်မလာသေးတာ ဘာကြောင့်လဲ?

စိတ်ပူတာကတစ်မျိုး သူ့ကိုလှည့်ဖျားပြီးလိမ်ညာသွားလေသလားဆိုပြီးတွေးမိတာကြောင့်အမျက်ထွက်သည်ကတဖုံဖြစ်တာမလို့ အံကြိတ်ထားမိသည်ကမည်သူ့ကိုအပြစ်တင်ရမည်မှန်းမသိ။

သေရည်အိုးထဲမှနောက်ဆုံးလက်ကျန်သေရည်ကိုငှဲ့ယူကာသောက်မည်လဲအပြု ပွင့်ဟလာသည့်အခန်းတံခါးကြောင့်လှမ်းကြည့်မိလိုက်တော့မှ စောင့်မျှော်နေခဲ့သူလေးဟာမျက်စိရှေ့ရောက်လာလေသည်။

"ယောင်း"

အရှင့်သားဂျောင်ကုမှာ ဟန်ပင်မဆောင်နိုင်တော့စွာလွမ်းဆွတ်နေရသူလေးကိုထကာထွေးဖက်ထားမိတော့သည်။

"ကိုယ်တော်စိတ်ပူနေခဲ့တာ ယောင်းတစ်ခုခုများဖြစ်သလား ကိုယ့်တော့်ဆီရောက်မလာတော့ဘူးလားလို့"

ဂျောင်ကုဖက်မှတော်တော်ကြာအောင်ပွေ့ဖက်ထားသည့်တိုင် ရင်ခွင်ထဲမော့မော့လေးနဲ့တောင့်တောင့်လေးဖြစ်နေသည့်ယောင်းကြောင့် ဂျောင်ကုမှာမျက်နှာလေးကိုရှုရပြန်သည်။

မျက်နှာလေးနွမ်းနေသည်က ကြည်ကြည်လင်လင်မရှိသည်မလို့စိတ်မရွှင်လန်းစရာတွေများရှိနေသလားဟူ၍တွေးကာစိတ်ပူမိရပြန်သည်။

နေရာမှာထိုင်နေကြသည့်တိုင် အရှင့်သားဂျောင်ကုမှာသူ့ကြွေရုပ်ကလေးယောင်းကိုရင်ခွင်ထဲမှီစေလျက်ပွေ့ဖက်ကာထားဆဲဖြစ်သည်။ လွမ်းနေရသူလေးအနားကတစ်စက္ကန့်လေးတောင်မှမဝေးကွာချင်နေပါ။

"အရှင်"

"ပြောလေ ယောင်း"

"ကျွန်တော်အမှားတစ်ခုလုပ်မယ်ဆိုခွင့်လွှတ်မှာလား?"

သူ့အားရင်ခွင်ထဲမှာမော့မော့ကလေးကြည့်ကာမေးလာသည့် နုနုနယ်နယ်ဝါဂွမ်းလုံးလေးရဲ့နဖူးကိုအနမ်းလေးခြွေကာပြုံးလျက်ပင်

ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}Where stories live. Discover now