Unicode
ကြည်လင်သာယာနေတဲ့ကောင်းကင်ကြီးရယ် မျက်နှာသို့ပြင်းထန်စွာရိုက်ခတ်နေသည့်လေအေးတွေရယ်နဲ့အပြိုင်ဆော့ဂျင်မြင်းကိုအလျင်မြန်ဆုံးအရှိန်ဖြင့်နှင်ထားမိသည်။
သူ့မြင်းနောက်ကနေ နောက်ကမျက်ချေမပြတ်စွာပါလာသည့် ခပ်လှမ်းလှမ်းမှရန်သူ့စစ်သည်တော်တွေကိုပြန်လည်ခုခံဖို့အင်အားကမစွမ်းသာခဲ့။
ယနေ့အရုဏ်တက် နေတောင်မထွက်သေးမှီအချိန်လောက်က ရုတ်တရက်စစ်မက်အင်အားအပြည့်ဖြင့် ထန့်ယန်းကတပ်စုကြီးဝင်ရောက်လာသည်ကြောင့်သူရောက်ရှိနေရာဂိုလျောပြည်နယ်စပ်ကခံတပ်လဲပြိုလဲကုန်သည်။
အလစ်ဝင်တိုက်ခံရသည်ဆိုသည်ထက် ထန့်ယန်းစစ်အင်အားဟာသူတို့အတွက်ယှဉ်ပြိုင်တိုက်ခိုက်ဖို့မစွမ်းနိုင်ခြင်းသာ။
ခံတပ်မပြိုလဲခင်အထိ ဂိုလျောစစ်သည်တွေနဲ့အတူမင်းသားဆော့ဂျင်လဲခုခံခဲ့ပေမဲ့ မတတ်သာတော့အဆုံးကိုယ်ရံတော်တပ်ဖွဲ့နှင့်အတူ ကျန်ရှိနေသည့်စစ်သည်တွေကိုပါခေါ်လျက် တပ်ဆုတ်ကာပြေးလာကြခြင်းဖြစ်သည်။
ထန့်ယန်စစ်သည်တွေချီတက်လာသည့်သတင်းဟာဂိုလျောနယ်စပ်မှတဆင့်ပျံ့နှံ့ကုန်သည်ကြောင့် ဂိုလျောပြည်သူတွေလဲလွန်စွာထိတ်လန့်ကြကုန်လေသည်။ သူတို့ထင်ထားသည့်ကိစ္စကြီးဖြစ်လာပြီမဟုတ်ပါလား။
ဒါပေမဲ့ ဘာလို့ဒီနေ့မှလဲ??
မြင်းနှင့်တောအုပ်အတွင်းအပြေးနှင်လာရင်း လမ်းနှစ်ခွအဆုံရောက်တော့ဆော့ဂျင်လဲမြင်းကိုရပ်လိုက်ရသည်။ ဘယ်သွားရမလဲမသိသည်မလို့ တုန်ရီစွာဖြင့်ဝေခွဲရခက်နေတုန်း ကိုယ်ရံတော်တပ်မှုးကမြင်းဖြင့်သူ့ဘေးနားရောက်လာကာ
"ဆော့ဂျင်မင်းသား ဒီတောလမ်းဆုံးရင်ဂွမ်ဒုံးရွာဟောင်းက လူမသုံးတော့တဲ့မြစ်ဆိပ်တစ်ခုရှိပါတယ် အဲ့မှာဖောင်ယူပြီးမြစ်ဆိပ်အတိုင်းလွတ်အောင်ဆင်းရင်း အသက်ဆက်ရှင်ပါမင်းသားလေး ကျွန်တော်မျိုးတို့ထန့်ယန်းတပ်သားတွေကိုဒီဖက်လမ်းကိုလွှဲခေါ်သွားပေးပါမယ်"
"မဟုတ်ဘူး မင်းတို့ပါတူတူလိုက်ရမယ်! ငါတို့တူတူတိုက်ခဲ့ကြတာပဲ မင်းတို့တွေမပါပဲငါမသွားဘူး!"
YOU ARE READING
ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}
Fanfiction"ကိုယ်တော့်ရဲ့ယောင်း~" "ကျွန်တော်ရဲ့အရှင် ~" "ကိုယ်တော့်ရဲ့ယောင်း~" "ကျွန်တော်ရဲ့အရှင် ~" #Taekook #Yoonmin #Myanmar Start - 12/10/21 End -