Unicode
သွေးလွှမ်းနေတဲ့ ဂိုလျောနန်းမြေပြင်ကြီးဟာနောက်ဆုံးတော့ တစ်နေ့တွင်းချင်းသုသာန်တစပြင်အလား တိတ်ဆိတ်လို့နေခဲ့လေပြီ။
အရှင့်သားဂျောင်ကုကတော့ ဂိုလျောပလ္လင်ထက်မှာရခန့်ညားစွာနေရာယူရင်း တရားရေးအမတ်ဂျောင်နှင့်တကွ ထန့်ယန်းအမတ်တွေ သံတမန်တွေနှင့်အတူဂိုလျောရဲ့အနာဂတ်အတွက် တိုင်ပင်နေကြလေသည်။
"သိမ်းပြီးသောမြေကိုစာနာစရာအကြောင်းမရှိကြောင်းပါ ထန့်ယန်းအင်ပါယာအတွင်းသွတ်သွင်းသင့်ကြောင်းပါအရှင့်သား"
"ကျွန်တော်မျိုး တရားရေးရာအမတ်ကြီးလျှောက်တင်ပါ ဂိုလျောကိုဘုရင်ခံအုပ်ချုပ်ရေးဖြင့်ထန့်ယန်းလက်အောက်မှာပဲ သီးသန့်ထားလျှင် ပိုပြီးအကျိူးအကြောင်းဆီလျော်ကြောင်းပါအရှင့်သား"
တစ်ယောက်တစ်ပေါက် တင်လျှောက်ချက်တွေကိုဂျောင်ကုကဘာအမိန့်မှမဆိုသေး။ ဆူးရဲတောက်ပသည့်မျက်ဝန်းအစုံ အလေးအနက်စဉ်းစားနေဟန်တူသည်။
ဂိုလျောသားအမတ်ဂျောင်က ဂိုလျောကိုသီးသန့်အုပ်ချုပ်ရေးနဲ့ထားစေချင်သည်။ ထန့်ယန်းသားတွေက ထန့်ယန်းအင်ပါယာအောက်သို့ အမည်ပျောက်တိုင်ပျောက်ပြည်ပျောက်သွတ်သွင်းစေချင်ကြသည်။
အမတ်ဂျောင်အနေနဲ့ဘယ်လိုပင် သစ္စာ
ဖောက်သည်ပဲဆိုဆိုမိမိမိခင်တိုင်းပြည်ဖြစ်တဲ့ ဂိုလျောကိုတော့ အမည်ပျောက်ကာထန့်ယန်းနှင့်တသားတည်းမဖြစ်သွားစေလို။ သူမျှော်လင့်ခဲ့တာ ဘုရင်ခံအုပ်ချုပ်ရေးနှင့်သူ့ကိုထိုအခွင့်အာဏာလွှဲပေးစေဖို့မဟုတ်ပါလား။"ဂိုလျောအရေးကို ကိုယ်တော်အမြန်ဆုံးသုံးသပ်ပြီးဆုံးဖြတ်မှာမလို့ ဒီနေ့ညီလာခံဒီလောက်ပဲနားမယ်"
ပြောပြီးသည်နှင့်ချက်ချင်းထထွက်သွားသည်မို့ ဘာမှပြန်လျှောက်လဲချက်ပေးခွင့်မရလိုက်ကြ။ အမြန်ပင်ကြမ်းပြင်သို့ ဦးညွှတ်ဝပ်သွားကြရသည်။
ဂျောင်ကုညီလာခံခန်းမနန်းဆောင်ကထွက်လာတော့ နန်းဆောင်အပြင်ဖက်တွင်ရပ်စောင့်နေသည့်အဖြူရောင်ပုံရိပ်လေးကိုတွေ့လိုက်ရသည်။

YOU ARE READING
ကြင်ယာတော်ကင်မ် {𝐂𝐨𝐧𝐬𝐨𝐫𝐭 𝐊𝐢𝐦}
Fanfiction"ကိုယ်တော့်ရဲ့ယောင်း~" "ကျွန်တော်ရဲ့အရှင် ~" "ကိုယ်တော့်ရဲ့ယောင်း~" "ကျွန်တော်ရဲ့အရှင် ~" #Taekook #Yoonmin #Myanmar Start - 12/10/21 End -