စိမ်းစိုလှပတဲ့ အမေဇုန်တိုင်းပြည်ကြီးအလယ်မှာရှိတဲ့Do နန်းတော်ကြီးတွင်ဖြစ်သည်။
ကျေးငှက်လေးတွေရဲ့အော်မြည်သံ
စမ်းချောင်းလေးဆီကရေစီးသံလေးတွေနဲ့ မနက်ခင်းနေရောင်ချည်နွေးနွေးလေးကို ပြတင်းပေါက်ကနေခံစားနေတဲ့ အမေဇုန်အရှင်Do Ximin"အားးး ဗိုက် ဗိုက်နာတယ် မောင်တော် Suဗိုက်နာတယ် မီးဖွားတော့မယ်ထင်တယ် အားး ကျွတ် ကျွတ်
နာတယ်လို့ အီးးးဟီးးး"ရုတ်တရက်အော်လည်းအော် ထလည်းငိုသောချစ်မြတ်နိုးရတဲ့ မိဖုရား Do Suho ရဲ့အသံကြောင့် မနက်ခင်းအလှခံစားနေတာတောင်ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရလေပီ။
"Suလေး ဗိုက်ကဘာဖြစ်တယ် နေပါဦး မီးဖွားတော့မယ်ဟုတ်လား ဒါ...ဒါဆို မောင်တော်က ကလေးရတော့မှာပေါ့နော် ရေးးးး ငါ ဘုရင်Ximinလူလုံးလုံးဖြစ်ပီကွ"
အရှင်မဗိုက်နာတာကိုသမားတော်မခေါ်ပေးဘဲ အနားလာပီးပြောချင်ရာပြောကာအော်ဟစ်နေသော လင်တော်မောင်ကို အရှင်မSuhoဒေါသထွက်စွာပင် ဆံပင်တွေကိုဆွဲလိုက်ကာ
"ဒီမှာဗိုက်နာပါတယ်ဆို သမားတော်မပင့်ဘဲအဲ့လိုတေအော်နေရလား Do Ximinရဲ့၊ ရှင်လုပ်လို့ခုလိုနာနေရတာလေ၊ ရှင်ကကလေးရော ကျမကိုပါသေစေချင်နေတာလားဟင်" အဲ့လိုပြောလိုက်မှ သမားတော်ပင့်ဖို့ကိုသတိရကာ အခန်းအပြင်မှအထိန်းတော်ကြီးအား လှမ်းဟောက်လိုက်လေသည်
"အထိန်းတော်ကြီး သမားတော်မြန်မြန်ပင့်စမ်း မင်းတို့အရှင်မ ဗိုက်နာနေပီဟ"
"အခုမှ လာအော်မနေပါနဲ့အရှင်၊အရှင်မအော်သံကြားထဲက သမားတော်ကြိုတင်ပင့်ထားတာပါ၊သမားတော်ကြီးရောက်ရှိနေပါပီ ဟွင့် "
"တွေ့လား အထိန်းတော်ကြီးကမှ အလိုက်သိသေးတယ်"
ဟုဆိုကာ နဂါးမျက်စောင်းနဲ့အတူ ဆွဲထားသောဆံပင်တို့ကိုဆောင့်ကာအောင့်ကာ လွှတ်လိုက်လေသည်။(အံမယ် ဒင်းကငါ့မိဖုရားရှေ့အမှတ်ဝင်ယူပြန်ပီ ငါ့ကိုများပြန်ပြောနေလိုက်တာ ဟွင့် ဆိုတာကပါသေးတယ် တွေ့မယ် အထိန်းတော်ကြီး ဟွင်းးဟွင်းး)စိတ်ထဲကရေရွတ်ကာ သမားတော်ကြီးကိုအခစားဝင်စေလိုက်သည်။
YOU ARE READING
My Little Human "Do Kyung Soo" (Uni & Zawgi)
Fanfictionအချစ်ကိုပြက်ရယ်ပြုမိလို့ အချစ်နတ်ဘုရားမရဲ့ကျိန်စာတိုက်ခြင်းခံထားရတဲ့ နတ်သူငယ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလေး "Pack Chan Yoel" အချစ်နတ်ဘုရားမရဲ့ကောင်းချီးပေးမှုနဲ့အတူမွေးဖွားလာတဲ့ အသဲပုံနှုတ်ခမ်းပိုင်ရှင် လူသားလေး "Do Kyung Soo"