Part 16

82 20 0
                                    

အမေဇုန်အိမ်ရှေ့စံမင်းသားရဲ့မင်္ဂလာပွဲနီးကပ်လာတာနဲ့အမျှ Chan Yeolလည်းသူ့ရဲ့မင်္ဂလာပွဲအတွက်ပြင်ဆင်လေသည်။ D.Oကြောင့်သူခံစားတေရမှထက် ဘဝသစ်ကိုစတင်ဖို့ရွေးချယ်ခဲ့ပေမဲ့လည်း တစ်ဖက်ကသူနဲ့လက်ထပ်ရမယ်ဆိုတဲ့သ‌တို့သမီးကိုတော့ သွားတွေ့ဆုံခြင်းပင်မပြုခဲ့။ ကိုယ်ရံတော် Krisကိုသာ ကိုယ်စားစေလွှတ်ကာ လက်ဆောင်များပေးခြင်း ၊ မင်္ဂလာလက်ဖွဲ့များပေးခြင်းတို့ကို ပြုလုပ်စေခဲ့သည်။

" ဒီနေ့လည်း ဘာလက်ဆောင်တွေနဲ့ရောက်လာပြန်တာလဲ Kris Hyung"

"ထုံးစံအတိုင်းပေါ့Tao‌လေးရဲ့ဘုရင်နဲ့ဘုရင်မကြီး‌ကပေးခိုင်းတဲ့ လက်ဆောင်ပဲပေါ့"

"ဘုရင်နဲ့ဘုရင်မကြီးကတော့တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ကို ပေးနေတော့တာပဲ"

"ကို လည်းTaoလေးကိုတစ်နေ့တစ်မျိုးမရိုးအောင်ပေးနေပါတယ်နော်"

"ဟမ် ဘာပေးလို့လဲ"

"ကို့ အချစ်တွေလေ "

"Hyung နော် လျောက်မပြောနဲ့"

"ဒီနှစ်ယောက်ဘာတွပြောနေကြတာလဲ ၊ Hyung မျက်နှာကလည်းရဲလို့ပါလား ၊ မှန်မှန်ပြော Kris Hyungဘာတွေလုပ်လိုက်လို့ရှက်နေတာလဲ "

ပုခုံးကိုဖက်ရင်းမေးလာတဲ့ညီတော်ကြောင့် Taoတစ်ယောက်ရှက်ကာ ညီတော့လက်ကိုဖယ်ပြီးထွက်ပြေးသွားတော့သည်။ D.Oကတော့နောက်မှာတဟားဟားနဲ့ကျန်ခဲ့သည်။ Krisကတော့ ပြေးသွားတဲ့ပန်ဒါပေါက်လေးရဲ့နောက်ကိုမျက်လုံးကြီးကပ်ပါသွားတော့မလို လိုက်ကြည့်နေလေသည်။

"အဟမ်း Kris Hyung ၊ သတိလေးဘာလေးကပ်ပါဦး "

"ဟမ် ဪ အေး အေးပါကွာ ၊ ရော့ဒီမှာ ဘုရင်နဲ့ဘုရင်မကြီးကပို့လိုက်တာ ၊ ဒီတစ်ခါက အရှင်နဲ့အရှင်မကိုပေးတာကွာ ၊ မနက်ဖြန် လာတွေ့မယ်လို့ခည်းပြောလိုက်တယ်"

"ဒါဆို မနက်ဖြန် လူကြီးချင်းတွေ့ကြတော့မယ်ပေါ့ ၊ ‌ဟီးး ကောင်းလိုက်တာ ၊ ခမည်းတော်တို့ဆီသွားပြောလိုက်ဦးမယ်၊ သွားပြီ Kris Hyung ၊ ဪဒါနဲ့ Hyungရဲ့အခန်းက ဒီကနတည့်တည့်လျောက်သွားပြီး ညာဘက်ချိုးလိုက်ရင် ပထမဆုံးရောက်တဲ့အခန်းပဲ ဟဲဟဲ"

My Little Human "Do Kyung Soo" (Uni & Zawgi)Where stories live. Discover now