ဘာလိုလိုနဲ့ စာသင်ခဲ့ရတဲ့ သုံးနှစ်တာကာလကြီးလည်းပြီးဆုံးသွားပီ၊ မင်းသားလေးလည်း အသက် 19 နှစ်ဖြစ်နေပီ။ အနေတည်ပေမဲ့နန်းတော်ကလူတေအပြင် တိုင်းသူပြည်သားတေနဲ့ တိရစ္ဆာန်လေးတေပေါ်ကိုပါ ကြင်နာနွေးထွေးတဲ့ အမျိုးသားလေးအဖြစ်ကြီးပြင်းလာတာကြောင့် ဘယ်နေရာသွားသွား အချစ်ခံလေးဖြစ်နေတော့သည်။
အဲ့လိုမင်းသားလေးက ခုထိနှလုံးသားကိုလှုပ်နှိုးနိုင်တဲ့သူကို မတွေ့သေးတာပါပဲ။ သူတင်ပဲလားဆိုတော့ မဟုတ်ဘူး သူ့ရဲ့မွေးစားအကိုတော်ရောပဲ
(ပြောရရင် fa ညီကိုတေပေါ့လေ။ မွေးထဲက fa ရုပ်ဆိုတာ ဒါမျိုးတေကိုပြောတာပေါ့ )စာသင်နှစ်ကြီးပြီးသွားတော့ စာသင်သားတေနဲ့အတူတစ်ရက်လျောက်လည်ပတ်ခွင့်ရကြတာပေါ့။ အဲ့လိုနဲ့ ညီကိုနှစ်ယောက် တစ်ခြားသူငယ်ချင်းတေနဲ့အတူ တိုင်းပြည်ထဲလျှောက်သွားရင်းဈေးဆိုင်တန်းတွေရှိတဲ့ဘက်ကိုရောက်တော့ အရှင့်သားက
"Tao Hyung ဟိုကျောက်စိမ်းဆိုင်လေးကိုသွားကြည့်ရအောင် "
"ဟင် D.O လေးကသဘောကျလို့လား ၊ သွားချင်တယ်ဆိုသွားလေ Hyungက D.Oလေးဘယ်သွားသွားလိုက်ဖို့အသင့်ပဲ"
"ဟီးး အာ့ကြောင့် Hyung ကိုချစ်နေရတာ"အကိုဆီက အလိုလိုက်ခံရရင် အရမ်းကိုပျော်တတ်တဲ့ဒီကလေးကိုအလိုမလိုက်ဘဲလည်း Tao မနေနိုင်ပါ။ ညီတော်အန္တရာယ်ကင်းကင်းနဲ့ပျော်ဖို့က သူ့ဘဝရဲ့ နံပါတ် 1,2,3 ပီးတော့ အမြဲတမ်းပဲဖြစ်နေလေသည်။
"Hyung..... Hyung ဘာတေတွေးနေတာလဲ လာလေ ဒီမှာလာကြည့်ပါဦးဆို "
ညီတော်က လှမ်းခေါ်မှ တွေးလက်စအတွေးတို့ရပ်သွားပီး
"ဟမ် ဪ အွန်း အွန်း လာပီနော် ၊ ပင်ကွင်းပေါက်လေးတို့များ ဒီနေရာကျမြန်သလားမမေးနဲ့ လမ်းတစ်ဖက်ကူးပီးဆိုင်တောင်ရောက်နှင့်နေပီ"
"ဟီးး Hyungကလည်း " အသဲပုံနှုတ်ခမ်းလေးပေါ်တဲ့ထိပြုံးပြလာတဲ့ညီတော်လေးကို အသဲယားတာကြောင့် နဖူးလေးကို တောက်လိုက်ကာ
"အဆိုးလေး ဘာလိုချင်တာရှိလဲကြည့် ကြည့်ပါဦး "
နဖူးတောက်ခံလိုက်ရတာကြောင့် လက်လေးနဲ့ နဖူးကိုပွတ်ရင်း နှုတ်ခမ်းလေးထော်ကာ ကျောက်စိမ်းထည်လေးတေကိုလိုက်ကြည့်ရင်း
YOU ARE READING
My Little Human "Do Kyung Soo" (Uni & Zawgi)
Fanfictionအချစ်ကိုပြက်ရယ်ပြုမိလို့ အချစ်နတ်ဘုရားမရဲ့ကျိန်စာတိုက်ခြင်းခံထားရတဲ့ နတ်သူငယ်တိုင်းပြည်ရဲ့ အိမ်ရှေ့စံမင်းသားလေး "Pack Chan Yoel" အချစ်နတ်ဘုရားမရဲ့ကောင်းချီးပေးမှုနဲ့အတူမွေးဖွားလာတဲ့ အသဲပုံနှုတ်ခမ်းပိုင်ရှင် လူသားလေး "Do Kyung Soo"